တရုတ်နိုင်ငံမှ ထုတ်လုပ်သော ဒေါင်လိုက်ပျံတက်ပျံဆင်းပြုလုပ်နိုင်သည့် လေယာဉ် စမ်းသပ်ပျံသန်းမှု အောင်မြင်

0
347

တရုတ်နိုင်ငံမှ ထုတ်လုပ်သော လျှပ်စစ်စွမ်းအင်သုံး ဒေါင်လိုက်ပျံတက်ပျံဆင်းပြုလုပ်နိုင်သည့်(eVtol) M1 အမျိုးအစား မောင်းသူမဲ့ လေယာဉ်သည် စမ်းသပ်ပျံသန်းမှုကို ရှန်ဟိုင်းတွင် အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။

အဆိုပါ လေယာဉ်သည် ခရီးသည် ၅ ဦးကိုတင်ဆောင်ကာ လေကြောင်းတက္ကစီအဖြစ် ခရီးတိုများ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။ မြေပြင်ကားလမ်းမှ ၂ နာရီ ၃ နာရီမျှကြာအောင် ကားဖြင့်သွားရမည့် ခရီးကို လေကြောင်းမှ မိနစ် ၃၀ ထက်မပိုသော အချိန်ဖြင့် ပျံသန်းပေးမည်ဖြစ်သည်။

ယင်း M1 လေယာဉ်ငယ်သည် အလေးချိန် ၅၀၀ ကီလိုဂရမ်ကိုတင်ဆောင်ကာ အမြန်ဆုံး တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ နှုန်းဖြင့်၊ ကီလိုမီတာ ၂၅၀ အထိ ဆက်တိုက် ပျံသန်းနိုင်ကြောင်း ထုတ်လုပ်သည့် ကုမ္ပဏီကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here