အရှေ့တောင်အာရှသက်ငယ်တန်းကြက်တောင်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားသမားများ ရွှေ ၁၁ခု၊‌ ငွေ ၄ ခုနှင့် ကြေး ၂ ခုဆွတ်ခူးရရှိခဲ့

0
306

ကမ္ဘောဒီးယားနိုင်ငံက အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာ ၃ ရက်နေ့အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် Badminton Asia Junor Under 15 -17 (Southeast Asia) Regional Championships 2023 (Team Event) ပြိုင်ပွဲတွင်မြန်မာနိုင်ငံကြက်တောင်အသင်းသည် ရွှေ ၁၁ခု၊‌ ငွေ ၄ ခုနှင့် ကြေး ၂ ခုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာလူငယ်များသည် ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်းနှင့် အရှေ့တီမောနိုင်ငံတို့ကို ဖြတ်ကျော်၍အနိုင်ယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ပြိုင်ပွဲ၌အမျိုးသားအသက် ၁၅ နှစ်တစ်ဦးချင်းပြိုင်ပွဲတွင်ပထမ (ရွှေ)ညီ‌ဇေယျ၊ တတိယ(ကြေး)ရဲလင်းထက်၊ အမျိုးသားနှစ်ယောက်တွဲတွင် ပထမ(ရွှေ)ညီ‌ဇေယျ+ရဲလင်းထက်၊အမျိုးသမီးတစ်ဦးချင်းတွင်ပထမ(ရွှေ)လင်းလင်းထက်၊ဒုတိယ(ငွေ) သဒ္ဒါထက်‌ကျော်၊ အမျိုးသမီးနှစ်ယောက်တွဲတွင် ပထမ(ရွှေ)လင်းလင်းထက်+သဒ္ဒါထက်‌ကျော်၊ အမျိုးသား+အမျိုးသမီးတွင်ပထမ(ရွှေ)ညီဇေယျ+လင်းလင်းထက်၊ဒုတိယ(ငွေ)ရဲလင်းထက်+သဒ္ဒါထက်ကျော် တို့ရရှိခဲ့ကြောင်း သိရသည်။

အသက်၁၇နှစ် အမျိုးသားတစ်ဦးချင်းတွင်လည်း ပထမ(ရွှေ)ဉာဏ်ရှိန်လင်း၊ ဒုတိယ(ငွေ)ဘုန်းထက်ကျော်၊အမျိူသားနှစ်ယောက်တွဲတွင်ပထမ(ရွှေ)ဉာဏ်ရှိန်လင်း+ဘုန်းထက်ကျော်၊အမျိုးသမီးတစ်ဦးချင်းတွင်ပထမ(ရွှေ)အိမ့်ချစ်ဖူး၊ဒုတိယ(ငွေ)ယွန်းလဲ့အိမ်၊နှစ်ယောက်တွဲတွင်တတိယ(ကြေး)အိမ့်ချစ်ဖူး+ယွန်းလဲ့အိမ်၊အမျိုးသား+အမျိုးသမီးပြိုင်ပွဲတွင်ပထမ(ရွှေ)ဘုန်းထက်ဇော်+အိမ့်ချစ်ဖူး၊အသင်းလိုက်ပြိုင်ပွဲအသက်၁၅နှစ်တွင်ပထမ(ရွှေ)၊အသင်းလိုက်အသက်၁၇နှစ်တွင်ပထမ(‌ရွှေ) အသီးသီးဆွတ်ခူးရရှိခဲ့ကြ‌ကြောင်းသိရသည်။

အဆိုပါမြန်မာကြက်တောင်အားကစားအဖွဲ့တွင်အဖွဲ့‌ခေါင်းဆောင်၊ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်အမှု‌ဆောင်ဦးရဲမြင့်၊အုပ်ချုပ်၊နည်းပြ၊အားကစားသမားများသည်ယ‌မန်နေ့ညပိုင်းကရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာပြီး မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ဥက္ကဌဦးအောင်ပိုင်နှင့်အမှုဆောင်များ၊အားကစားသမားများ၏မိဘ၊ဆွေမျိုးများကြိုဆိုခဲ့ကြကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here