နီပေါငလျင်ကြောင့်‌ေ-သဆုံးသူ ၁၅၇ ဦးအထိရှိလာ၊ကယ်ဆယ်ရေးများဆက်လက်ဆောင်ရွက်ဆဲဖြစ်

0
327
A general view of a damaged house in Jajarkot district on November 4, 2023, following an overnight a 5.6-magnitude earthquake. - At least 132 people were killed in an overnight earthquake of 5.6-magnitude that struck a remote pocket of Nepal, officials said on November 4, as security forces rushed to assist with rescue efforts. (Photo by PRAKASH MATHEMA / AFP)

ခတ္တမန္ဒူ၊‌နိုဝင်ဘာ ၄

နီပေါနိုင်ငံအနောက်မြောက်ပိုင်း၌ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်‌ေ-သဆုံးမှုများပြားခဲ့ပြီး လက်ရှိတွင် ငလျင်ဒဏ်ကြောင့် ‌ေ-သဆုံးသူ အရေအတွက်သည် ၁၅၇ ဦးအထိမြင့်တက်ခဲ့ပြီး အပျက်အစီးများအောက်မှအသက်ရှင်ကျန်သူများအား ကယ်ဆယ်နိုင်ရေးအတွက်လည်း ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။

သောကြာနေ့ညက ငလျင်လှုပ်ခဲ့သော်လည်း ရောက်ရှိရန်ခက်ခဲသောဒေသများသို့ ကယ်ဆယ်ရေးအဖွဲ့များ အချိန်မီ မရောက်နိုင်သဖြင့် ‌ေ-သဆုံးသူအရေအတွက်ထပ်များလာမည်ကိုလည်း အာဏာပိုင်များကစိုးရိမ်နေကြသည်။

လှုပ်ခတ်သည့်အင်အားမှာ အရမ်းမပြင်းသော်လည်း အဆောက်အအုံများ၏ဆောက်လုပ်ထားသည့်အရည်အသွေးညံ့ဖျင်းမှုနှင့် လူတိုင်းနီးပါး အိပ်မောကျနေစဉ်ဖြစ်မှုတို့ကြောင့် ထိခိုက်‌ေ-သဆုံးဒဏ်ရာရသူအရေအတွက် ပိုတိုးလာနိုင်သည်ဟုလည်းခန့်မှန်းထားကြသည်။

နီ‌ပေါတွင် ၂၀၁၅ ခုနှစ်ကလည်း ပြင်းအား ၇ ဒသမ ၈ ရစ်ခ်တာစကေးရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ လူပေါင်း ၉,၀၀၀ ခန့်‌ေ-သဆုံးပြီး အဆောက်အအုံပေါင်းတစ်သန်းခန့်ပျက်စီးခဲ့သည်ဟုလည်းသိရသည်။

အိမ်နီးချင်းအိန္ဒိယနိုင်ငံအနေဖြင့်လည်း နီပေါ၏ငလျင်ဘေးသင့်ပြည်သူများအတွက် ထပ်တူစိတ်မကောင်းဖြစ်ရပါကြောင်းနှင့် လိုအပ်သောအကူအညီများထောက်ပံ့ရန် အသင့်ရှိကြောင်းကိုပါ ဝန်ကြီးချုပ်မိုဒီကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here