ဗိုလ်တထောင် စေတီတွင် မသိုးသင်္ကန်းရက်ခတ် ပူဇော်မည်

0
285

နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးတွင် မသိုးသင်္ကန်းရက်ခတ်ပူဇော်မည်ဖြစ်ကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

လာမည့် နိုဝင်ဘာ(၂၆) ရက်နှင့် (၂၇) ရက်တွင် (၃၉) ကြိမ်မြောက်အဖြစ် မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ်ကာ ဆက်ကပ်ပူဇော်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ် ဆက်ကပ်ပူဇော်ပွဲကို ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် အသက် (၁၈) နှစ်မှ (၅၀) နှစ်အတွင်းရှိ ရက်ကန်းကျွမ်းကျင်သူ အမျိုးသမီးဖြစ်ရမည်ဖြစ်ပြီး တစ်ဖွဲ့လျှင် (၂) ယောက်နှုန်းဖြင့် နိုဝင်ဘာလ (၁၆) ရက် ကြာသပတေးနေ့ ညနေ (၃) နာရီမတိုင်မီအချိန် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့သို့ အဖွဲ့လိုက်လျှောက်လွှာစာရင်းသွင်းနိုင်ကြောင်းလည်း အသိပေးထားသည်။

ယင်းပြိုင်ပွဲတွင် ဆုရရှိသူများကို ပထမဆုကျပ် (၁၅) သိန်း၊ ဒုတိယဆုကျပ် (၁၀) သိန်း၊ တတိယဆုကျပ် (၈) သိန်းနှင့် နှစ်သိမ့်ဆုအဖြစ် ကျပ် (၄) သိန်းစီနှင့် ဆုတံဆိပ်များ ချီးမြှင့်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here