လားရှိုးတွင် စက်သုံးဆီ အကန့်သတ်ဖြင့်ဝယ်နေရကြောင်း ဒေသခံများပြော

0
196

မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့သည့်အတွက် ဆက်သွယ်ရေးလမ်းကြောင်းများ ရပ်တန့်လုနီးပါးဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် စက်သုံးဆီ ပြတ်လပ်သွားမည်ကိုစိုးရိမ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

လားရှိုး – မန္တလေးလမ်းပိုင်း ပွင့်နေသော်လည်း စက်သုံးဆီကားများ ဝင်ရောက်မှုမ​တွေ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

လက်ရှိတွင် လာရှိုးမြို့တွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် စက်သုံးဆီ ဝယ်ယူသူများကို အကန့်အသတ်ဖြင့် ရောင်းချနေရပြီး မြို့ပြင်ဆိုင်များအနေဖြင့် ရောင်းချနိုင်ခြင်း မရှိကြောင်းလည်း သိရသည်။

” အကန့်အသတ်နဲ့။ အဲဒါ မြို့ထဲက ဆိုင်တွေ။ မြို့ပြင်ကဆိုင်တွေကတော့ ရှိဝောာင်မရှိတော့ဘူးလား မသိဘူး။ လက်ပဲခါပြနေကြတယ်” ဟု ကိုယ်တိုင် စက်သုံးဆီ ဝယ်ယူခဲ့သည့် လားရှိုးမြို့ခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

လက်ရှိတွင် လားရှိုးမြို့တွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် မော်တော်ဆိုင်ကယ် တစ်စီးလျင် တစ်ခါဝယ်ယူပါက (၃၀၀၀) ကျပ် ဖိုးနှင့် ၊ ကားတစ်စီးလျင် (၃၀၀၀၀) ကျပ်ဖိုးသာ အများဆုံးရောင်းချပေးလျက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။

ယင်းကဲ့သို့ အကန့်အသတ်ဖြင့် ရောင်းချပေးနေသည်မှာ (၂) ရက်ဝန်းကျင် ရှိနေပြီဖြစ်သည်။

“ဆီဆိုင်ရှိတဲ့သူ​တွေကတော့ လမ်း​ကြောင်းရှာပြီးသွားဘို့လုပ်​နေကြတယ်။ မူဆယ်တဝိုက်က​တော့ တရုတ်ဆီ ရတယ်”ဟု လည်း စက်သုံးဆီသမား တစ်ဦးကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here