ကမ္ဘောဒီးယား ပြိုင်ဘက်ကို အသာစီးဖြင့် ထိုးသတ်ခဲ့သော်လည်း ဒေ၀ အနေဖြင့် ပူးတွဲ သရေဖြင့်သာ ကျေနပ်လိုက်ရ

0
190

အလွတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ၀ (Dave Ledus) သည် ကမ္ဘောဒီးယား နိုင်ငံ၏လက်ရှိချန်ပီယံကို မြန်မာကိုယ်စားပြီး ထိုးသ-တ်ခဲ့ရာ အသာစီးဖြင့် ထိုးသတ်နိုင်ခဲ့သော်လည်း ပူးတွဲသရေရလာဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ဒေ၀နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ လက်ရှိချန်ပီယံ ပရမ်စမ်နန်တို့သည် ဖနွမ်းပင်မြို့၌ နိုဝင်ဘာ ၅ ရက်ည ၁၀ နာရီ ၅၀ မိနစ်က ကမ္ဘောဒီးယားရိုးရာအားကစားနည်းဖြစ်သည့် ခွန်ခမာ ကစားနည်းအတိုင်း ၉ မိနစ် တစ်ချီထဲသာ အလဲထိုးနိုင်မှသာလျင် အနိုင်ရ (အမှတ်ပေးမရှိ) စည်းမျဉ်းဖြင့် ယှဉ်ပြိုင်ထိုးသ-တ်ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ယှဥ်ပြိုင်ထိုးသ-တ်ရာ ၉ မိနစ် ပြည့်သည်အထိ အလဲမထိုးနိုင်ခဲ့သဖြင့် ပူးတွဲသရေ ကျသွားခြင်းလည်းဖြစ်သည်။

ဒေဝသည် အဆိုပါပွဲစဥ်တွင် ပရမ်စမ်နန်ကို အသာစီးထိုးနိုင်ခဲ့ပြီး ၂ ကြိမ်တိုင်တိုင်လဲကျအောင်နှင့် အကွဲဒဏ်ရာရရှိအောင် ထိုးသ-တ်နိုင်ခဲ့သည်ကိုလည်းတွေ့ရသည်။

ဒေ၀နှင့် ထိုးသ-တ်ခဲ့သည့် ပရမ်စမ်နန်သည် ယခုနှစ်တွင် 2023 Thai Fight ချန်ပီယံဘွဲကို ဆွတ်ခူးခဲ့သူဖြစ်ပြီး ပြီးခဲ့သော ဆီးဂိမ်းက မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းကို အမှတ်ဖြင့်အနိုင်ရပြီး ရွှေတံဆိပ်ဆုရရှိခဲ့သူလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here