ဂါဇာ၌အပစ်အခတ်ရပ်စဲရန် မြို့ကြီးများ၌ဆန္ဒပြတောင်းဆို

0
294
Demonstrators gather in Freedom Plaza during a rally in support of Palestinians in Washington, DC, on November 4, 2023. - Thousands of people, both Israeli and Palestinians, have died since October 7, 2023, after Palestinian Hamas militants based in the Gaza Strip, entered southern Israel in a surprise attack leading Israel to declare war on Hamas in Gaza the following day. (Photo by Stefani Reynolds / AFP)

လန်ဒန်၊နိုဝင်ဘာ ၅

ပါလက်စတိုင်းကို လိုလားသော ဆန္ဒပြသူများသည် နိုဝင်ဘာ ၄ ရက်က လန်ဒန်၊ဘာလင်၊ပါရီ၊အန်ကာရာ၊အစ္စတန်ဘူလ်နှင့်ဝါရှင်တန်တို့တွင် ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရန်တောင်းဆိုခဲ့ပြီး ဟားမတ်စ်ကိုစစ်ရေးအရပြင်းထန်စွာချေမှုန်းခဲ့သော အစ္စရေးကိုပြစ်တင်ရှုံ့ချခဲ့ကြသည်။

ဆန္ဒပြသူများသည် “ပါလက်စတိုင်းအားလွတ်လပ်ခွင့်ပေး” ၊ “ချက်ချင်းအပစ်အခတ်ရပ်စဲပါ” ၊ ” ငါတို့သည်ပါလက်စတိုင်းပြည်သူများနှင့်တစ်သားတည်းဖြစ်သည်” ဟူသောစာတန်းများပါဝင်သည့် အလံများကိုင်ဆောင်ကာ ချီတက်ကြွေးကြော်ခဲ့ကြသည်။

လူမျိုးရေးမုန်းတီးအောင်လှုံ့ဆော်ခြင်းနှင့် လူမျိုးရေးခွဲခြားမှုပိုမိုဆိုးရွားစေခြင်းတို့ဖြင့်လည်း ဖမ်းဆီးမှု ၂၉ ခုပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အမေရိကနှင့်ဗြိတိန်တို့သည် အစ္စရေးကို ဟားမတ်က စတင်တိုက်ခိုက်မှုကြောင့် အစ္စရေးအနေဖြင့် မိမိနိုင်ငံအား ကာကွယ်ပိုင်ခွင့်အရ လက်တုံ့ပြန်နိုင်ရန် များစွာထောက်ပံ့ပေးခဲ့သည်။

ယင်းသို့ထောက်ပံ့ခဲ့မှုများအပေါ် ယခုဆန္ဒထုတ်ဖော်သူများကပြင်းထန်စွာဝေဖန်ခဲ့ကြပြီး ကလေ-းများ၊အမျိုးသမီးများအပါအဝင် လူရှစ်ထောင်ကျော်ကိုးထောင်နီးပါး‌ေ-သဆုံးရန် အမေရိကနှင့်၎င်း၏မဟာမိတ်များက‌ထောက်ပံ့ပေးခဲ့ပြီး မျိုးသုဥ်း သတ်ဖြတ်မှု ကို ကျူးလွန်ခဲ့ကြသည်ဟုလည်းဆိုကြသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here