တရုတ်နိုင်ငံ အလုပ်သမား ဥပဒေပါ ခံစားခွင့်များကို မြန်မာရွှေ့ပြောင်းအလုပ်သမားများ ရရှိခံစားနိုင်ရေး တရုတ်နှင့်ဆွေးနွေး

0
272

တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားသား အလုပ်သမား ဥပဒေပါ အခွင့်အရေးများအား ရရှိခံစားနိုင်ရေးအတွက် အလုပ်သမားဝန်ကြီး ဦးမြင့်နောင်နှင့် တရုတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအချို့မှ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၃) ရက်မှ (၄)ရက်အထိ ကျင်းပခဲ့သော အာဆီယံ – တရုတ်ဖိုရမ်သို့ တက်ရောက်ရန် ရောက်ရှိနေစဉ် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း အလုပ်သမားဝန်ကြီး ဦးမြင့်နောင်နှင့် အဖွဲ့သည် နိုဝင်ဘာ (၄) ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ တယ်ဟုန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပေါင်စန်းဒေသတို့မှတာဝန် ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး၊ မြန်မာအလုပ်သမားများ တရုတ်နိုင်ငံတွင် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် ကိစ္စရပ်များ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် တရုတ် နိုင်ငံ၏ နိုင်ငံခြားသား အလုပ်သမား ဥပဒေပါ အကျိုးခံစားခွင့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့သို့ ဆွေးနွေးမှုအပြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် အဖွဲ့သည် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည် ထွက်ခွာလာရာ နိုဝင်ဘာ (၄)ရက် ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here