မြန်မာ့ကြယ်လိပ် ကောင်ရေ ၁,၀၀၀ အား မူရင်းဒေသ သဘာဝတောတွင်းသို့ ပြန်လွှတ်ပေးမည်

0
616

ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောရှိ ဒေသမျိုးရင်း မြန်မာ့ကြယ်လိပ် ကောင်ရေ ၁,၀၀၀ အား မူရင်းဒေသ သဘာဝတောတွင်းသို့ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ရွှေစက်တော် ဘေးမဲ့တောရှိ ကြယ်လိပ်များသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင်သာ တွေ့ရသည့် ဒေသရင်းဖွားမျိုးစိတ်ဖြစ်ပြီး မြန်မာ့ကြယ်လိပ် (ခ) ပင့်ကူလိပ် Burmese Star Tortoise များဖြစ်ပြီး ဒေသသုံးအမည်များအဖြစ် မြလိပ်၊ ဆီချိုလိပ်၊ တောင်ပုံလိပ်နှင့် နတ်လိပ်ဟူ၍လည်း ခေါ်ဆိုကြကြောင်း သိရသည်။

အဆိုပါ ကြယ်လိပ်များကို ၂၀၀၄ ခုနှစ်မှစတင်ကာ မန္တလေး ရတနာပုံဥယျာဉ်၊ လောကနန္ဒာ ဘေးမဲ့တော၊ မင်းစုံတောင် ဘေးမဲ့တော၊ ရွှေစက်တော် ဘေးမဲ့တောတို့တွင် ခြံခတ်မွေးမြူခြင်းကို သစ်တော ဦးစီးဌာန၊ သားငှက်တိရစ္ဆန်အဖွဲ့နှင့် လိပ်မျိုးရှင်သန်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်၍မွေးမြူခဲ့ကြပြီး အရွယ်ရောက်လာသော ကြယ်လိပ်များကို သဘာဝတောအတွင်းသို့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းမူရင်းဒေသ သဘာဝတောအတွင်းသို့ ၂၀၀၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ လိပ်အကောင်ရေ ၁၇၅၀ လွှတ်ပေးခဲ့ကာ ၂၀၂၂ မှ ၂၀၂၃ ခုနှစ်များအတွက် ကြယ်လိပ်အကောင်ရေ ၁၀၀၀ လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here