ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသို့ ရေကြောင်းမှတဆင့် လာရောက်လည်ပတ်နိုင်ရန် စီစဥ်ထားသည့် ဆိပ်ခံဗောတံတားတည်ဆောက်ပြီးစီး

0
274

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)သို့ ရေကြောင်းမှတဆင့် လာရောက်လည်ပတ်နိုင်ရန် စီစဥ်ထားသည့် ဆိပ်ခံဗောတံတားတည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် တည်ဆောက်ပြီးစီးခဲ့သော ဆိပ်ခံဗောတံတားကို ယမန်နေ့ (နိဝင်ဘာ ၅ ရက်) ညနေပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြမှုအပေါ် လိုအပ်သည်များကို ဖြည့်စွက် မှာကြားခဲ့ကြောင်းသိရသည်။

အဆိုပါ ဆိပ်ခံဗောတံတားကို ၂၀၂၂ – ၂၃ ဘဏ္ဍာနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီးမြစ်အတွင်း
အပျော်စီး စက်လှေများဖြင့် စီးနင်းနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်ထားကြောင်း တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ထံမှ သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် တိုင်းရင်းသားကျေးရွာအတွင်းရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တိုင်းရင်းသားများ၏ ရိုးရာနေအိမ်များ၊ ပြည်ထောင်စုခန်းမနှင့် နန်းမြင့်မျှော်စင်တို့၏ ပြုပြင်ထိန်းသိမ်းမွမ်းမံရေး ဆောင်ရွက်ရမည့် လုပ်ငန်းညွှန်ကြားချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအား ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အမှတ် ၁ဝ မြောက်ရပ်ကွက်၊ ရန်ကုန်-သံလျင် တံတားအနီးတွင် ၁၉၉၄ ခုနှစ်၊ ဧပြီလမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂ဝဝ၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here