မလေးရှားတွင် မြန်မာ (၃)ဦး အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ပြီး (၁)ဦး ‌ေ-သ (၂)ဦးကို လူသ-တ်မှုဖြင့် ဖမ်းဆီးစစ်ဆေးနေ

0
193

မလေးရှားနိုင်ငံ ဆန်ဂိုင်းလာလန်ပြည်နယ် Semenyih Hi-Tech စက်မှုဇုန်ရှိ ပရိဘောဂ စက်ရုံတွင် အလုပ်လုပ်ကိုင်သော မြန်မာလုပ်သား (၃)ဦးမှာ အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ခဲ့သည့်အတွက် (၁)ဦး ‌ေ-သဆုံးခဲ့ပြီး (၂) ဦးကို လူသ-တ်မှုဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း News Straits Time သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ ပရိဘောဂစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၁) ဦး ဓ-ါးဖြင့် အထိုးခံရသည်ကို သွားရောက် စစ်ဆေးရာ အသက် (၂၃) နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားမှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး လဲကျနေသည်ကို တွေ့မြင့်ခဲ့ရကြောင်း မလေးရှား ကာဂျန်ရဲတပ်ဖွဲ့ အကြီးအကဲတစ်ဦးဖြစ်သူ မိုဟာမက် ဇစ်ဟတ်ဆန်က News Straits Time သတင်းဌာနသို့ ပြောဆိုချက်အရ သိရသည်။

ထိုသို့ ဓ-ါးဖြင့် အထိုးခံရပြီး လဲကျနေသည့် မြန်မာနိုင်ငံသားကို ဆေးရုံပို့ရန် စီစဉ်နေချိန် ရရှိထားသည့် ဒဏ်ရာများဖြင့် ‌ေ-သဆုံးသွားခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။

မြန်မာလုပ်သား (၃)ဦးမှာ အရက်အတူ သောက်သုံးခဲ့ရာမှ စကားများ ရန်ဖြစ်ပြီး ဓ-ားထိုးမှု ဖြစ်ပွားခဲ့ကြောင်း အနီးအနားရှိ မျက်မြင်သက်သေများက ပြောဆိုခဲ့ပြီး ကျူးလွန်ခဲ့သူ အသက် (၂၄) နှစ်နှင့် (၂၈) နှစ် အရွယ် မြန်မာလုပ်သား (၂)ဦးမှာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကျုးလွန်သူဟု ယူဆရသူ မြန်မာနိုင်ငံသား (၂)ဦးကို မလေးရှား ရဲတပ်ဖွဲ့မှ နိုဝင်ဘာ (၄) ရက် နံနက်ပိုင်းတွင် သက်သေခံ ဓ-ားနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း ကာဂျန်ရဲတပ်ဖွဲ့ အကြီးအကဲဖြစ်သူက ဆက်လက်ပြောဆိုသည်။

ဖြစ်စဉ်အရ ဝမ်းဗိုက်ကို ဓ-ားဖြင့် အထိုးခံရကာ သွေးထွက်လွန် ‌ေ-သဆုံးခဲ့ရသည့် မြန်မာနိုင်ငံသားအမှုနှင့် ပတ်သက်၍ လူသ-တ်မှု ကျူးလွန်သူအဖြစ် သံသယရှိသူ (၂) ဦးကို နိုဝင်ဘာ (၁၀) ရက်အထိ စုံစမ်းစစ်ဆေးရန် ရမန်ယူထားကြောင်း ကာဂျန်ရဲတပ်ဖွဲ့ အကြီးအကဲဖြစ်သူက News Straits Time သတင်းဌာနသို့ ပြောဆိုချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here