မြန်မာနှင့် ရုရှား ပူးပေါင်းကာ ရေကြောင်းလုံခြုံရေးဆိုင်ရာလုပ်ငန်းများ ယနေ့စတင် လေ့ကျင့်သွားမည်

0
192

မြန်မာ-ရုရှား ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်မှုအနေဖြင့် ဝေဟင်ရန်၊ ရေပြင်ရန်၊ ရေအောက်ရန် ကာကွယ်ရေး လေ့ကျင့်ခန်းများ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်းများ ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာန ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ-ရုရှား ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းတွင် တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်၊ စစ်ရေယာဉ်များမှ ရုရှားရေတပ် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပူးပေါင်း၍ ဝေဟင်ရန်၊ ရေပြင်ရန်၊ ရေအောက်ရန် ကာကွယ်ရေး လေ့ကျင့်ခန်းများ၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေ့ကျင့်မှုအတွင်း မြန်မာ- ရုရှား နှစ်နိုင်ငံ ရေတပ်မှ အရာရှိ၊ စစ်သည်များ ပါဝင်လေ့ကျင့်ကြမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ပထမအကြိမ် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ(၆)ရက်က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားကို ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရုရှားရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV နှင့် နှစ်နိုင်ငံရေတပ် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၏ အနောက်ဘက် ရေမိုင် ၈၅ မိုင်ခန့်အကွာတွင် မြန်မာ့ တပ်မတော် (ရေ)နှင့် ရုရှားရေတပ် Russian Pacific Fleet မှ စစ်ရေယာဉ်များဖြင့် နိုဝင်ဘာ (၇) ရက်မှ (၉) ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here