ပွဲစဥ် (၁၁) ပြီးဆုံးချိန်မှာ ရှုံးပွဲမရှိတဲ့ အသင်းမရှိတော့တဲ့ ပရီးမီးယားလိဂ်

0
274

ပရီးမီးယားလိဂ်ပွဲစဥ် (၁၁) ပြီးဆုံးချိန်မှာတော့ အသင်းတိုင်း ရှုံးပွဲကိုယ်စီရှိသွားခဲ့ပြီဖြစ်ပါတယ်။

လန်ဒန်အခြေစိုက်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးအသင်းတို့ဟာ ပွဲစဥ် (၁၀) ပြီးဆုံးတဲ့အချိန်အထိ ရှုူံးပွဲမရှိအောင် ကစားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲစဥ် (၁၁) အရောက်မှာတော့ အာဆင်နယ်အသင်းဟာ နယူးကာဆယ်ကို အဝေးကွင်းမှာ အငြင်းပွားဖွယ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး စပါးအသင်းကလည်း ချဲလ်ဆီးအသင်းကို အိမ်ကွင်းမှာပဲ ၂ ယောက် အထုတ်ခံရပြီး ၄ ဂိုး ၁ ဂိုးရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ ပွဲစဥ် အားလုံးပြီးဆုံးတဲ့အချိန်အထိ ရှုံးပွဲမရှိအောင် ကစားနိုင်တဲ့အသင်းအဖြစ် ၂၀၀၃-၂၀၀၄ ဘောလုံးရာသီမှာ အာဆင်နယ်အသင်းက မှတ်တမ်းတင်ထားပြီး ချန်ပီယံဆုကိုဆွတ်ခူးခဲ့ကာ ရွှေဖလားဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here