မြိတ် – ရန်ကုန် အမြန်ရေယာဉ်များ ပြန်လည်ပြေးဆွဲရန် စီစဉ်နေ

0
342

ခရီးသွားပြည်သူများ အဆင်ပြေစေရေး မြိတ် – ရန်ကုန် အမြန်ရေယာဉ်များ ပြန်လည်ပြေးဆွဲရန် စီစဉ်ဆောင်ရွက်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ပုဂ္ဂလိက သင်္ဘောလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

လက်ရှိတွင် လေယာဉ်ဈေးနှုန်းများ ကြီးမြင့်ခြင်း ဝယ်ယူရန် ခက်ခဲလာခြင်းတို့ကြောင့် အများပြည်သူ ခရီးသွားလာရေး အဆင်ပြေစေရန်ရည်ရွယ်၍ ကမ်းရိုးတန်းသွားခရီးသည်တင်အမြန်ရေယာဉ်များကို ပြန်လည်ပြေးဆွဲရန် ဆွေးနွေးညှိနှိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်မြို့မှ ရန်ကုန်မြို့သို့ ခရီးသည်တင် အမြန်ရေယာဉ်ပြေးဆွဲပါက ကြာချိန် (၁၁) နာရီကျော် ရှိမည်ဖြစ်ပြီး နေ့ချင်းရောက် ခရီးစဉ်တစ်ခုဖြစ်ကာ မြိတ်-ကော့သောင်း ခရီးစဉ်ကိုလည်း ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

မြိတ် – ကျွန်းစုဒေသအတွင်းရှိ ခရီးစဉ်များကို ပြေးဆွဲရာတွင် ခရီးသည်များအနေဖြင့် လေကြောင်းခရီးကိုသာ အဓိက အားထား သွားလာနေရသည့်အတွက် ကုန်ကျစရိတ်သည် ယခင်ကထက် ပိုမိုများပြားနေကြောင်း သိရသည်။

မြိတ် – ကျွန်းစုခရီးစဉ်များအတွက် လက်ရှိအနေထားတွင် လေးကျွန်း၊ သမီးလှကျွန်း ခရီးစဉ်များအတွက် လူတစ်ဦးလျှင် ငွေကျပ်(၂)သိန်း (နေ့ချင်းပြန်)၊ စမတ်၊ ဒုံးညောင်မှိုင်း၊ ဒုံးရေတံခွန်ခရီးစဉ်များအတွက် လူတစ်ဦးလျှင် ငွေကျပ် (၂) သိန်းခွဲ (နေ့ချင်းပြန်)၊ စမတ်၊ ဘေလီ၊ ကြယ်လိပ်ကျွန်းခရီး စဉ်များအတွက် လူတစ်ဦးလျှင် ငွေကျပ်(၃)သိန်း (နေ့ချင်းပြန်) သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here