အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲများကို နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း ကျင်းပသွားမည်

0
311

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဖူဆယ်လိဂ် ကော်မတီအနေဖြင့် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲများကို နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း စတင်ကျင်းပမည့် ပြိုင်ပွဲများမှာ MFF Rhino Futsal Championship 2023 ပြိုင်ပွဲ၊ MFF Futsal League 2023 ပြိုင်ပွဲ၊ MFF Women’s Futsal Championship 2023 ပြိုင်ပွဲနှင့် MFF Futsal League II ပြိုင်ပွဲတို့ ဖြစ်ပြီး ပြိုင်ပွဲအားလုံးကို MFF Futsal Stadium တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

MFF Rhino Futsal Championship 2023 ပြိုင်ပွဲကို နိုဝင်ဘာ (၁၆) ရက်မှစတင်၍ League 1 ပြိုင်ပွဲဝင် အသင်း (၇) သင်း၊ League 2 ပြိုင်ပွဲဝင် အသင်း (၆) သင်း၊ Carabao Amateur Cup မှ အသင်း (၇) သင်း၊ မန္တလာ ဖူဆယ်လိဂ်မှ အသင်း (၆)သင်း စုစုပေါင်း (၂၆) သင်းဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး Main Sponsor အဖြစ် Rhino Sport Wear မှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အတူ MFF Futsal League 2023 ပြိုင်ပွဲကို ဒီဇင်ဘာ (၆) ရက်မှ စတင်၍ အသင်းပေါင်း (၁၀) သင်း၊ MFF Women’s Futsal Championship 2023 ပြိုင်ပွဲကို ဒီဇင်ဘာ (၇) ရက်မှ စတင်၍ အသင်းပေါင်း (၁၀)သင်းဖြင့် အုပ်စုနှစ်ခု ခွဲကာ ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

MFF Futsal League II 2023 ပြိုင်ပွဲကို ဒီဇင်ဘာ (၁၆) ရက်မှသာ အသင်းပေါင်း (၁၂) သင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲများကို ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုနိုင်ရန် အတွက် တစ်ရက်စာ ပွဲကြည့်လက်မှတ် တစ်စောင်လျှင် (၂၀၀၀) နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Photo – MFF Futsal


LEAVE A REPLY

Please enter your comment!
Please enter your name here