မြဝတီမြို့ အာရှလမ်းမကြီးတွင် တွဲကားနှင့် ဆိုင်ကယ်တိုက်မိကာ ဆိုင်ကယ်စီးလာသူ လူငယ် (၂)ဦး ‌ေ-သဆုံး

0
230

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အာရှလမ်းမ‌ပေါ်ရှိ၊ (၂၇၅) တပ်ဝန်းရှေ့၊ အ.ထ.က ကျောင်း အနီးတွင် တွဲကားနှင့် ဆိုင်ကယ် မတော်တဆတိုက်မိခဲ့ပြီး တွဲကားတိမ်းမှောက်ကာ ဆိုင်ကယ် စီးလာသည့် လူငယ် (၂)ဦးလည်း ‌ေ-သဆုံးခဲ့ကြောင်း မြဝတီမြို့ မဲကနယ်လူမှုကယ်ဆယ်ရေး ပရဟိတအသင်းမှ သိရသည်။

နိုဝင်ဘာ (၆)ရက် မွန်းလွဲ (၂) နာရီ (၄၀)မိနစ် အချိန်ခန့်က တွဲကားနှင့် ဆိုင်ကယ်တို့ မတော်တဆ တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာသို့ မဲကနယ်လူမှုကယ်ဆယ်ရေး ပရဟိတအသင်းမှ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

“တွဲကားဘီးပေါက်ပြီး မှောက်တာ။ တွဲကားနောက်ဖင်နဲ့ ဆိုင်ကယ်ကို ရိုက်မိတယ်ထင်တာပဲ။ တစ်ယောက်က နေရာမှာတင်ဆုံးတာ။ တစ်ယောက်က ဆေးရုံရောက်ပြီး (၅) မိနစ်လောက်နေတော့ ဆုံးသွားတာ။ စိတ်မကောင်းပါဘူးဗျာ။ အတက်နိုင်ဆုံး ကြိုစားပေးခဲ့ပါတယ်။ မိသားစုနဲ့ ထပ်တူစိတ်မကောင်း ဖြစ်ရပါတယ်။”ဟု မဲကနယ်လူမှုကယ်ဆယ်ရေး ပရဟိတအသင်းမှ တာဝန်ရှိသူက ပြောသည်။

ဖြစ်စဉ်နေရာအရောက် ယာဉ်မတော်တဆမှုကြောင့် ဆိုင်ကယ်မောင်းလာသူ လူငယ်နှစ်ဦးအနက် တစ်ဦးမှာ အခင်း ဖြစ်နေရာတွင် ‌ေ-သဆုံးခဲ့ပြီး တစ်ဦးကို ထိခိုက်ဒဏ်ရာပြင်းထန် အနီရောင်အဆင့်ဖြင့် ဆေးရုံသို့ပို့ခဲ့ရာ ဆေးရုံရောက်ပြီး (၅) မိနစ်ခန့်အကြာတွင် ‌ေ-သဆုံးခဲ့ကြောင်း မြဝတီမြို့ မဲကနယ်လူမှုကယ်ဆယ်ရေး ပရဟိတအသင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here