ထိုင်းရဲတပ်ဖွဲ့မှ ဒုရဲချုပ်နှင့်အဖွဲ့ဝင်များ ဗိုလ်တထောင် ဘုရားသို့ သွားရောက်ဖူးမြော်

0
217

ထိုင်းရဲတပ်ဖွဲ့မှ ဒုရဲချုပ်နှင့်အဖွဲ့ဝင်များ မြန်မာနိုင်ငံသို့ နိုဝင် ဘာ (၆)ရက်က ‌ရောက်ရှိခဲ့ပြီး ရန်ကုန်မြို့ရှိ ဗိုလ်တထောင်စေတီ‌သို့ ညနေပိုင်းက လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြော င်း ဗိုလ်တထောင်စေတီ တော်ဂေါပကအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းဒုရဲချုပ် Pol Gen Surachate နှင့်အဖွဲ့သည် ရှမ်းပြည် နယ် မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် ပိတ်မိနေသော ထိုင်းနိုင်ငံသား (၁၆၂) ဦးကို ပြန်လည်ခေါ်ဆောင်ရန်  နိုဝင်ဘာ (၆) ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

လောက်ကိုင်မြို့ရှိ တရုတ်အွန်လိုင်း လောင်းကစားလုပ်ငန်းများမှ ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား (၁၆၂) ဦး ပြန်လည်ခေါ်ယူရေးအတွက် မြန်မာအာဏာပိုင်များနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးသွားရန် လာရောက်ခြ င်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား (၁၆၂) ဦး အနက် (၂၉) ဦးကို လောက်ကိုင်မြို့ရှိ ဟိုတယ်တစ်ခုမှ ကယ်ထုတ်ခဲ့ပြီး နောက်ထပ် (၁၃၃) ဦးကို ဘေးကင်းရာသို့ ထပ်မံကယ်ထုတ်ခဲ့ရကြောင်း ထိုင်းဒုရဲချုပ်အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ပြီး ထိုင်းနိုင်ငံသားများကို ပြန်လည်ခေါ်ယူနိုင်ရေး နည်းလမ်းများကို သက်ဆိုင်ရာအာဏာပိုင်များနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here