သုခဒဂုံပြည်သူ့အငှားအိမ်ရာ လျှောက်ထားသူများအနက် မဲနှိုက်ခွင့်ရှိသူများစာရင်း ထုတ်ပြန်ကြေငြာထား

0
190

တောင်ဒဂုံမြို့နယ်တွင် ဆောက်လုပ်အကောင်အထည်ဖော်နေသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာအခန်းများအတွက် မဲနှိုက်ခွင့်ရှိသူများစာရင်းကို ယခု နိုဝင်ဘာလဆန်းပိုင်းတွင် ထုတ်ပြန်ကြေငြာထားကြောင်း သုခဒဂုံပြည်သူ့ အငှားအိမ်ရာ အိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ အသိပေးကြေညာထားသည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် အဆိုပါ အိမ်ခန်းနေရာအတွက် လျှောက်ထားသူ (၁၁၀၀၀) ကျော်ရှိပြီး ယင်းတွင် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် (၆၂၈၇) ဦးကို ရွေးချယ်ထားကြောင်း သိရသည်။

အဆိုပါ အခန်းငှားရမ်းခွင့်အတွက် စိစစ်ပြီးသော မဲနှိုက်ခွင့်ပြုမည့် လျှောက်ထားသူများစာရင်းနှင့် မဲနှိုက်ရမည့် ရက်များကို သက်ဆိုင်ရာခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂) ရက်မှ (၁၂) ရက်အထိ အသိပေးကြညာပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဲနှိုက်ရမည့်စာရင်းတွင် ပါဝင်သူများအနေဖြင့် မိမိတို့ကိုယ်တိုင် မှတ်ပုံတင်မူရင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ယူဆောင်၍ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် သတ်မှတ်ထားသည့် တိုက်များအလိုက် သတ်မှတ်ရက်များတွင် မဲနှိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းများ၏ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်တို့ဖြစ်ကြောင်း ကနဦးကြေညာထားချက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here