လျှပ်စစ်ဓာတ်အားစနစ်ကို စက်ရုပ်များက စောင့်ကြပ်ထိန်းသိမ်း

0
181

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၊ ဝူကျန်းမြို့၌ နိုဝင်ဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သော ကမ္ဘာ့အင်တာနက်ညီလာခံအတွက် လျှပ်စစ်ဓာတ်အားပေးဝေမှုစနစ်ကို စက်ရုပ်များက စောင့်ကြပ်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ စက်ရုပ်များသည် ယခုကတည်းကပင်လျှင် တပ်ဆင်ပြီးသား လျှပ်စစ်ဓာတ်အားပေးဝေမှုစနစ်ကို လှည့်လည် စောင့်ကြပ်လျှက်ရှိကြသည်။

ဓာတ်အားပေးစနစ်လမ်းကြောင်း၏ ဆုံမှတ်ပွိုင့်ပေါင်း ၁၂၆၀ စလုံးကို စက်ရုပ်များကပင်လျှင် အလိုအလျှောက် လှည့်လည်စောင့်ကြည့်ကာ ထိန်းသိမ်းပေးသွားမည်ဖြစ်သည်။ ယင်းသည် သာမန်လူသားဝန်ထမ်းများထက် ပိုမိုတိကျမြန်ဆန်ပြီး၊ လူအင်အားချွေတာရာလည်း ရောက်ကြောင်း ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here