ဒေါ်လာခြောက်သန်းတန် “ရွှေ” ဘိုထိုင်ခွက်ခိုးသူလေးဦးအား တရားစွဲ

0
318

လန်ဒန်၊နိုဝင်ဘာ ၇ အင်္ဂလန်နိုင်ငံတောင်ပိုင်းရှိနန်းတော်တစ်ခုမှ ၁၈ ကာရက် ရွှေအိမ်သာခိုးယူမှုနှင့်ပတ်သက်၍ အမျိုးသားလေးဦးအားတရားစွဲဆိုထားကြောင်းသိရသည်။အဆိုပါအိမ်သာကို ၂၀၁၉ ခုနှစ် နံနက်အစောပိုင်းက ခိုးယူမခံရမီက အနုပညာပြပွဲတစ်ခုတွင် ပြသသိမ်းဆည်းထားခြင်းဖြစ်ကြောင်း အစိုးရရှေ့နေများက နိုဝင်ဘာ ၆ ရက်တွင်ပြောကြားခဲ့သည်။

အ မေရိကန်ဒေါ်လာ ၅ ဒသမ ၉ သန်းတန်ကြေးရှိပြီး အမှန်တကယ်အသုံးပြုနိုင်သော အဆိုပါအိမ်သာသည် ကမ္ဘာလှည့်ခရီးသည်များဆွဲဆောင်ရာနှင့် ယူနက်စကိုစာရင်းဝင် ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သည့် Blenheim နန်းတော်တွင်ပြသထားသော အီတလီပညာရှင်တစ်ဦး၏ ပြပွဲမှပစ္စည်းတစ်ခုလည်းဖြစ်သည်။

သူခိုးများသည် နန်းတော်အတွင်းသို့ နံနက် ၅ နာရီမထိုးမီ ကားနှစ်စီးဖြင့်ဝင်ရောက်လာကာအိမ်သာခွက် ကို လုယူသွားခြင်းဖြစ်ကြောင်းလည်းရဲများကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here