နူးဒေလီ၌ လေထုညစ်ညမ်းမှု ထိန်းချုပ်ရန် မော်တော်ယာဥ်အသုံးပြုမှုကိုကန့်သတ်

0
173
Commuters make their way along a road amid heavy smoggy conditions in New Delhi on November 5, 2023. - Authorities in the smog-ridden Indian capital New Delhi on November 5 extended an emergency schools closure by a week, with no signs of improvement in the megacity's choking levels of pollution. (Photo by Arun SANKAR / AFP)

နူးဒေလီ၊နိုဝင်ဘာ ၆

အိန္ဒိယနိုင်ငံ နူးဒေလီမြို့တွင် လေထုညစ်ညမ်းမှုကို လျှော့ချရန်အတွက် နိုဝင်ဘာ ၁၃ ရက်မှ ၂၀ ရက်အထိ တစ်ပတ်တိတိ မော်တော်ယာဥ်အသုံးပြုမှုကိုကန့်သတ်သွားမည်ဖြစ်ကြောင်း ဒေသန္တရအစိုးရ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးက နိုဝင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါစည်းကမ်းချက်၌ “မ” နံပါတ်ရှိသည့်ယာဉ်များအား “မ” ဂဏန်းနေ့များတွင်မောင်းနှင်ခွင့်ပြုမည်ဖြစ်ပြီး “စုံ” ဂဏန်းရှိသည့်နံပါတ်ပြားနှင့်ယာဉ်များကိုမူ “စုံ” ရက်များတွင်သွားလာခွင့်ပြုခြင်းဖြင့် ယာဉ်မောင်းနှင်မှုကိုထိန်းချုပ်မည်ဟုဆိုသည်။

အိန္ဒိယ၌ အပူချိန်လျော့ကျပြီး လေထုညစ်ညမ်းမှုအဖြစ်အများဆုံးလဖြစ်သည့်နိုဝင်ဘာလတွင် ကမ္ဘာ့လေထုအညစ်ညမ်းဆုံးအနေအထားရောက်ရှိလာသည်။ အထူးသဖြင့် နူးဒေလီမြို့တွင် လေထုညစ်ညမ်းမှုအဆိုးဆုံးဖြစ်သည်။

သို့သော် သီရိလင်္ကာနှင့်ဘင်္ဂလားဒေ့ရှ်တို့ပါဝင်ယှဥ်ပြိုင်နေသည့် ခရစ်ကတ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုမူ ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး ပွဲစီစဉ်သူများသည် ကစားသမားများ၏အဝတ်လဲခန်းထဲတွင် လေသန့်စင်စက်များတပ်ဆင်ပေးထားရသည်ဟုလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here