ချမ်းမြသာစည်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် ရီမုမိုင်း ပေါက်ကွဲမှုဖြစ်ပွား၊ လူထိခိုက်မှုမရှိသော်လည်း အဆောက်အဦး နံရံပွင့်ထွက် ပျက်စီး

0
211

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၃)ရပ်ကွက်၊ လမ်း (၆၀)နှင့် (၁၀၇)လမ်းထောင့်ရှိ ဟိုတယ်တစ်ခုတွင် ရီမုမိုင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း လုံ ခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၃)ရပ်ကွက်၊ လမ်း (၆၀)နှင့် (၁၀၇)လမ်းထောင့်ရှိ အမရာနဒီဟိုတယ်၊ အခန်းအမှတ် (၁၀၅) အနီးတွင် နိုဝင်ဘာ (၆)ရက် ညနေ (၄) နာရီအချိန်ခန့်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လာရောက်စစ်ဆေးခဲ့ရာ ရီမုမိုင်းပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။

“ချမ်းမြသာစည်မြို့နယ်ထဲက၊ အမရာနဒီ ဟိုတယ်မှာ ရီမုမိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ လူထိခိုက်မှု မရှိဘူး။ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲပါ”ဟု လုံခြုံရေးတပ်ဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် အဆောက်အဦးနံရံပွင့်ထွက် ပျက်စီးကာ ပြတင်းပေါက်မှန်များ ကွဲအက်ပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်းနှင့် ဖြစ်စဉ်အပေါ် ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here