ပြန်လည်အသုံးပြုနိုင်သော ဒုံးပျံ တရုတ် စမ်းသပ်အောင်မြင်

0
168

တရုတ်နိုင်ငံမှ စီးပွားဖြစ် ဒုံးပျံကုမ္ပဏီတစ်ခုသည် လွှတ်တင်ပြီးနောက် ပြန်လည်အသုံးပြု၍ရသော ဒုံးပျံအသစ်တစ်မျိုးကို မကြာမီက စမ်းသပ်အောင်မြင်ခဲ့သည်။

ယင်းဒုံးပျံမှာ iSpace ကုမ္ပဏီဟု လူသိများသော ပေကျင်းအခြေစိုက် Interstellar Glory Space Technology ကုမ္ပဏီ လိမိတက်မှ ပြုလုပ်သည့် Hyperbola-2Y အမျိုးအစား ဒုံးပျံဖြစ်ကာ၊ ယခုလ အစောပိုင်းက ဂျူကွမ်းဂြိုဟ်တုလွှတ်တင်ရေးစခန်းဝယ် အောင်မြင်စွာ စမ်းသပ်လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒုံးပျံအား မီသိန်းနှင့် အောက်ဆီဂျင်အရည်တို့ ပေါင်းစပ်ထားသော လောင်စာဖြင့် လွှတ်တင်ခြင်းဖြစ်ပြီး၊ ဒေါင်လိုက် ပျံတက်နိုင်သလို ပျံတက်သည့်လမ်းကြောင်းအတိုင်းပင် ဒေါင်လိုက် တည့်တည့်မတ်မတ်ဖြင့် ပြန်လည်ဆင်းသက်နိုင်စေရန် ပြုလုပ်ထားသည်။

အဆိုပါ ဒုံးပျံမျိုးကို ဘီလျံနာ အီလွန်မတ်ပိုင်ဆိုင်သော SpaceX ကုမ္ပဏီကလည်း အောင်မြင်စွာ စမ်းသပ်လွှတ်တင်ခဲ့ပြီးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here