အချက်လက် မပြည့်စုံသည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများ ပြန်လည်လျှောက်ထားနိုင်ရန် အကြောင်းကြားပေးမည်

0
615

၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူများအနက်မှ အချက်လက် မပြည့်စုံသူများကို ပြည့်စုံစွာ ပြင်ဆင်ဖြည့်စွက်ပြီး ထပ်မံလျှောက်ထားနိုင်ရန် လျှောက်လွှာတွင်ပါရှိသည့် လိပ်စာများအတိုင်း ပြန်လည် အကြောင်းကြားသွားမည် ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ် ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်ထားသူများ၏ ဝင်ခွင့်လျှောက်လွှာများနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ အသိပေးထားခြင်း ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူများအနေဖြင့် မိမိအမှတ်မှီနိုင်သည့် ကျောင်း၊ မိမိလျှောက်ထားသည့် ကျောင်း၏ ကျောင်းသား လက်ခံနိုင်မှု အခြေအနေများကို သေချာစွာလေ့လာ စုံစမ်းပြီးမှသာ လျှောက်ထားကြရန် လိုအပ်ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပထမနှစ် တက္ကသိုလ်နေ့သင်တန်း ဝင်ခွင့်ရသူများ၏ စာရင်းကို နိုဝင်ဘာ(၇) ရက်က စတင်ထုတ်ပြန်ကြေညာပေးနေခြင်းဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့် စာရင်းပါဝင်သူများအနေဖြင့် သက်ဆိုင်ရာ မိမိတို့ တက်ရောက်ရမည့် တက္ကသိုလ်များတွင် ဘာသာရပ်သင်တန်းများအလိုက် နိုဝင်ဘာ (၁၆) ရက်မှ စတင်၍ ကျောင်းအပ်နှံခြင်းကို လက်ခံပေးမည် ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်များကို နိုဝင်ဘာ (၂၃) ရက်မှ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံမည့်နောက်ဆုံးရက်ကို ကြေညာထားခြင်း မရှိသေးကြောင်းနှင့် အတတ်နိုင်ဆုံး ဖြေလျော့လက်ခံပေးမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here