သစ်သားဖြင့် ပြုလုပ်ထားသောဂြိုဟ်တု ဂျပန် နှင့် နာဆာ ပူးပေါင်းလွှတ်တင်မည်

0
220

ကျိုတိုတက္ကသိုလ်မှ သုတေသီအဖွဲ့တစ်ဖွဲ့သည် သစ်သားဖြင့်ပြုလုပ်ထားသော ဂြိုလ်တုတစ်လုံးကို ပြုလုပ်လျှက်ရှိပြီး၊ ဂျပန်နိုင်ငံ၏ JAXS အာကာသအေဂျင်စီနှင့် NASA တို့ကြား ပူးပေါင်းမစ်ရှင်တစ်ခုအဖြစ် လာမည့် နွေရာသီတွင် အာကာသထဲသို့ လွှတ်တင်ရန် စီစဉ်နေကြောင်း သိရသည်။

သစ်သားသည် အာကာသအတွက် အံ့သြစရာကောင်းလောက်အောင် သင့်လျော်သော ပစ္စည်းတစ်ခုဟုလည်း သုတေသီတို့က ဆိုကြသည်။

“ကမ္ဘာမြေပေါ်မှာ ထင်းကိုသုံးတဲ့အခါ မီးလောင်တာ၊ ဆွေးမြေ့တာ၊ ပုံပျက်တာတွေ ကြုံရပေမယ့် အာကာသထဲမှာတော့ အဲဒီပြဿနာတွေ မရှိဘူး၊ အာကာသထဲမှာ အောက်ဆီဂျင်မရှိဘူး၊ ဒါကြောင့် မီးမလောင်ဘူး၊ သက်ရှိသတ္တဝါတွေလည်း မရှိတာကြောင့် ဆွေးမြေ့ခြင်းလည်း မဖြစ်ပါဘူး” ဟု ပရောဂျက်တွင် လုပ်ဆောင်နေသော ကျိုတိုတက္ကသိုလ်မှ သုတေသီ ကိုဂျီမူရာတာက ပြောကြားခဲ့သည်။

မူရာတာ ၏ အဆိုအရ သစ်သားဂြိုဟ်တုသည် အကြမ်းဖျင်းအားဖြင့် အလူမီနီယမ်ကဲ့သို့ ခိုင်ခံ့ကြောင်း သိရသည်။ ထို့အပြင် လေထုနှင့်ပွတ်တိုက်မိသည်နှင့် မီးလောင်ကာ ပြာမှုန်လေးများဖြစ်သွားနိုင်သည်။

ထို့ကြောင့် သစ်သားဂြိုဟ်တုများသည် ကြီးမားလာနေသော အာကာသအမှိုက်ပြဿနာကို ဖြေရှင်းပေးနိုင်သည့် အရာများဖြစ်သလို၊ အာကာသကုမ္ပဏီများအတွက်လည်း ကုန်ကျစရိတ်များကို ချွေတာနိုင်စေမည့် အလားအလာရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here