စနေဂြိုဟ်၏ “ကွင်း”များ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ၏ မြင်ကွင်းမှ ခေတ္တကွယ်ပျောက်မည်

0
271

စနေဂြိုဟ်ကို ဝန်းရံထားသည့် လူသိများထင်ရှားသော “ကွင်း”ကြီးများအား လာမည့် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာမှ ခေတ္တမျှတွေ့မြင်ရတော့မည်မဟုတ်ကြောင်း သုတေသီတို့က ကြိုတင်သတိပေးထားသည်။

ယင်း “ကွင်း”ကြီးများသည် အမှန်တကယ် ကွယ်ပျောက်သွားခြင်းမဟုတ်ပဲ ကမ္ဘာပေါ်မှ ရှုမှတ်သူတို့၏ မြင်ကွင်းဝယ် မမြင်ရတော့ခြင်းသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စနေဂြိုဟ်သည် ၉ ဒီဂရီမျှတိမ်းစောင်းလျှက်အနေအထားဖြင့် နေကိုလှည့်ပတ်နေရာ၊ ၂၀၂၅ ခုနှစ်တွင် စနေဂြိုဟ်ကို ကမ္ဘာမှကြည့်ရှုပါက ယင်း၏ “ကွင်း”ကြီးများသည် ရေပြင်ညီမျဉ်းအတိုင်းရှိနေမည်ဖြစ်သဖြင့် ယခင်နှစ်များက ကဲ့သို့ ထင်ထင်ရှားရှား မြင်ရတော့မည် မဟုတ်ပေ။

ထိုသို့သောဖြစ်ရပ်မျိုးသည် ၂၀၂၅ ခုနှစ် မတ်လ ၂၃ ရက်တွင်ဖြစ်ပေါ်မည်ဟု သုတေသီတို့ကဆိုသည်။ ယင်းဖြစ်စဉ်သည် ၁၃.၇ နှစ်နှင့် ၁၅.၇ နှစ်မျှကြာတိုင်း ဖြစ်နေကျဖြစ်စဉ်တစ်ခုဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here