မွေးစာရင်းရောင်းစားသောတရုတ်ဆေးရုံဒါရိုက်တာ စစ်ဆေးခံနေရ

0
211

ဟောင်ကောင်၊နိုဝင်ဘာ ၈

တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ်ရှိ ဆေးရုံတစ်ရုံမှ ဒါရိုက်တာ တစ်ဦးသည် မွေးစာရင်းများကို ရောင်းစားသည့်အတွက် စုံစမ်းစစ်ဆေးခံနေရပြီး ဆေးရုံ၏ သားဖွားမီးယပ် ဌာန၏ လုပ်ငန်းများကို ရပ်ဆိုင်းထားရကြောင်း နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၇ ရက်တွင်ဖော်ပြခဲ့သည်။

အဆိုပါမွေးစာရင်းများသည် ခိုးယူခံရသော ကလေးများအတွက်‌မွေးစာရင်းလုပ်ရန်နှင့် အဆိုပါပျောက်ဆုံးနေသော ကလေးငယ်များအား ပြန်ရှာမတွေ့နိုင်ရန်အတွက် အသုံးပြုနိုင်ဖွယ်ရှိကြောင်း တရုတ်အင်တာနက်အသုံးပြုသူများ၏ အွန်လိုင်းမှတ်ချက်များထွက်ပေါ်လာစေခဲ့သည်ဟု Global Times သတင်းတွင် ဖော်ပြထားသည်။

အင်တာနက်အသုံးပြုသူများကလည်း တရုတ်နိုင်ငံတွင် အငှားကိုယ်ဝန်ဆောင်ခြင်းမှာ တရားမဝင်သောကြောင့် ယခုကဲ့သို့ မွေးစာရင်းရောင်းစားခြင်းသည် အငှားကိုယ်ဝန်ဆောင်ကလေးများအား မှတ်ပုံတင်နိုင်ရန်အထောက်အကူဖြစ်စေနိုင်သည်ဟုလည်းဆိုကြသည်။

ယင်းဒါရိုက်တာသည် မွေးစာရင်းလက်မှတ်တစ်ခုလျှင် ယွမ် ၆၀,၀၀၀ (အမေရိကန်ဒေါ်လာ ၈,၂၀၀) ကျော်ရရှိခဲ့သည်ဟုလည်း Global Times ကပြောကြားခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဆေးရုံ၏တရားဝင်ဝက်ဘ်ဆိုက်နှင့်ဆက်သွယ်ရန်လိပ်စာများကိုလည်းပိတ်ထားပြီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ကို စေလွှတ်ကာစုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here