ကန်နှင့်တရုတ်တို့ အပြုသဘောဆောင်သောလက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲကျင်းပခဲ့ဟုဆို

0
421

ဝါရှင်တန်၊နိုဝင်ဘာ ၈

ယခုလအတွင်း ကျင်းပနိုင်ချေရှိသော အမေရိကနှင့် တရုတ်သမ္မတများ၏တွေ့ဆုံမှုမတိုင်မီ နှစ်နိုင်ငံဆက်သွယ်ရေးလမ်းကြောင်းကို ဖွင့်ထားရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ဒေသအနေဖြင့် တရုတ်နှင့်လက်နက်ထိန်းချုပ်ရေးနှင့် မပြန့်ပွားရေးဆိုင်ရာဆွေးနွေးမှုများကို အပြုသဘောဆန်ဆန်ပြုလုပ်ခဲ့ကြောင်း အမေရိက က နိုဝင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။

ယခုကျင်းပသည့်လက်နက်ထိန်းချုပ်ရေးဆွေးနွေးမှုသည် သမ္မတအိုဘားမားအစိုးရ နောက်ပိုင်း ပထမဆုံးအနေဖြင့် ပြန်လည်ကျင်းပခြင်းလည်းဖြစ်သည်။

အမေရိက၏ထိပ်တန်းဦးစားပေးရည်ရွယ်ချက်မှာ ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံကြား ပြင်းထန်သော ပြိုင်ဆိုင်မှုရှိသော်လည်း ထိုင်ဝမ်နှင့်တောင်တရုတ်ပင်လယ်အရေး၊ကုန်သွယ်ရေးစသည့် ပြဿနာများစွာနှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားကွဲလွဲမှုများက ပဋိပက္ခကို မဖြစ်စေရန် ရည်ရွယ်သည်ဟုဆိုသည်။

၎င်းတို့နှစ်နိုင်ငံ၏ယခုဆွေးနွေးမှုသည် မကြာသေးမီကတွေ့ဆုံခဲ့ကြသော အိမ်ဖြူတော်လုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလဗန်အပါအဝင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့၏တွေ့ဆုံမှုအပြီးတွင်ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here