MoGE ကိုပိတ်ဆို့ ထားသော်လည်း ထိုင်း PTTEP က လုပ်ငန်းဆက်လက်လုပ်ဆောင်မည်

0
364

ဘန်ကောက်၊နိုဝင်ဘာ ၈

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MoGE)အား အမေရိကန်အစိုးရကပိတ်ဆို့ဒဏ်ခတ်ခဲ့သော်လည်းထိုင်းနိုင်ငံအခြေစိုက် PTTEP စွမ်းအင်ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိရသည်။

အမေရိကန်အစိုးရသည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအား ပစ်မှတ်ထားပိတ်ဆို့ခဲ့ပြီး ၎င်း၏နိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့် လာမည့် ဒီဇင်ဘာ ၁၅ ရက် ကိုနောက်ဆုံးထားကာ MoGE နှင့်ပတ်သက်သည့်ဘဏ္ဍာရေးလုပ်ငန်းများလုပ်ကိုင်ရန်ညွှန်ကြားခဲ့သည်။

သို့သော် ထိုင်းနိုင်ငံ၏ အဓိကစွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သည့် PTTEP ကမူ အိမ်နီးချင်းမြန်မာနိုင်ငံရှိ ၎င်း၏လုပ်ငန်းများကိုသတိထားကာ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်သည်။ အကြောင်းမှာ ဓာတ်ငွေ့လိုအပ်ချက်အဆက်မပြတ်စေရန်အတွက် ယခု ကဲ့သို့ ဆုံးဖြတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

၂၀၂၁ ခုနှစ်မှစကာ မြန်မာနိုင်ငံ၌နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် နိုင်ငံတွင်းရှိ ပြင်သစ်စွမ်းအင်ကုမ္ပဏီ Total နှင့် အမေရိကန်စွမ်းအင်ကုမ္ပဏီ Chevron အပါအဝင် ပြည်ပရင်းနှီးမြှုပ်နှံတို့သည် နိုင်ငံတွင်းမှထွက်ခွာသွားခဲ့ကြသည်။

သို့သော်လည်းထိုင်းစွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သည့် PTTEP ကမူ မြန်မာနိုင်ငံတွင်းရှိ ၎င်း၏လုပ်ငန်းများကို ရပ်နားလိုက်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေခဲ့ခြင်းလည်းဖြစ်သည်။

Ref : upstreamonline


LEAVE A REPLY

Please enter your comment!
Please enter your name here