ဟူသီများက အမေရိကန် MQ-9 ဒရုန်းတစ်စင်းကို ပစ်ချခဲ့

0
250

အမေရိကန်ပြည်ထောင်စု၏ MQ-9 မောင်းသူမဲ့လေယာဉ်တစ်စင်း ယီမင်ကမ်းလွန်တွင် ဗုဒ္ဓဟူးနေ့က ပစ်ချခံခဲ့ရကြောင်း အမေရိကန်အရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

“ယီမင်ကမ်းလွန်မှာ အမေရိကန် စစ်တပ်ရဲ့ MQ-9 Reaper အမျိုးအစား အဝေးထိန်း လေယာဉ်တစ်စင်းကို ဟူသီတပ်ဖွဲ့တွေက ဒီကနေ့မှာ ပစ်ချခဲ့တာ အတည်ပြုပါတယ်”ဟု သူကပြောကြားခြင်းဖြစ်သည်။

Ansar Allah လှုပ်ရှားမှု၏ ပြောရေးဆိုခွင့်ရှိသူ Yahya Saria ကလည်း ၎င်းနှင့် ဆက်နွယ်နေသည့် ဟူသီတပ်ဖွဲ့များသည် ယီမင် ရေပိုင်နက်အတွင်း အမေရိကန် MQ-9 ကင်းထောက်ဒရုန်းတစ်စီးကို ပစ်ချခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။

MQ-9 ဒရုန်းများကို ထောက်လှမ်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် အသုံးများကြသော်လည်း တိုက်ခိုက်ရေးတွင်လည်း အသုံးပြု၍ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here