ချန်ပီယံလိဂ် အုပ်စုပွဲစဥ်တွေမပြီးသေးပေမယ့် နောက်တစ်ဆင့်ကို တက်ရောက်သွားပြီဖြစ်တဲ့ ဘိုင်ယန်၊ ရီးရဲလ်၊ အင်တာ၊ ဆိုစီဒက်၊ မန်စီးတီးနဲ့ လိုက်ပ်ဇစ်

0
344

ချန်ပီယံလိဂ် အုပ်စုပွဲစဥ်တွေမပြီးသေးပေမယ့် ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်၊ ရီးရဲလ်ဆိုစီဒက်၊ မန်စီးတီးနဲ့ လိုက်ပ်ဇစ်တို့ နောက်တစ်ဆင့်ဖြစ်တဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။

Group (A) က ဘိုင်ယန်မြူးနစ်၊ Group(C) က ရီးယဲလ်မက်ဒရစ်နဲ့ Group(G) မန်ချက်စတာစီးတီးတို့ဟာ ဟာ ၄ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၁၂ မှတ်၊ Group(D) မှအင်တာမီလန်နဲ့ ဆိုစီဒက်တို့ဟာ ၄ ပွဲကစားပြီးချိန်မှာ ရမှတ် ၁၀ မှတ်၊ Group(G) မှ လိုက်ပ်ဇစ်ဟာ ၄ ပွဲကစားပြီးချိန် ရမှတ် ၉ မှတ်နဲ့ လက်ကျန်ပွဲရလဒ် ထည့်တွက်စရာမလိုဘဲ ရှုံးထွက်အဆင့်ကို လွတ်လွတ်ကျွတ်ကျွတ်တက်ရောက်သွားခဲ့တာလည်းဖြစ်ပါတယ်။

ချန်ပီယံလိဂ်ရဲ့ မရဏအုပ်စုအဖြစ်သတ်မှတ်ခံထားရတဲ့ Group (F) ကအသင်းတွေဖြစ်တဲ့ ဒေါ့မွန် PSG၊ အေစီမီလန်နဲ့ နယူးကာဆယ်တို့ဟာ ကျဥ်မြောင်းတဲ့ ရမှတ်တွေနဲ့ အစဥ်လိုက်ရပ်တည်နေပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ပြိုင်ဆိုင်မှုပြင်းထန်နေဆဲဖြစ်တာကိုလည်း တွေ့ရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here