တရုတ်ကိုယ်စားလှယ်အဖွဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနသို့ သွားရောက်လည်ပတ်

0
402

မော်စကို၊နိုဝင်ဘာ ၈

တရုတ်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံသို့ရောက်ရှိနေပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနသို့ သွားရောက်လည်ပတ်ခဲ့ကြောင်းသိရှိရသည်။

ရုရှားနှင့်တရုတ်ကြားဆက်ဆံရေးသည် ယုံကြည်မှုနှင့် လေးစားမှုအပေါ်အခြေခံသည့် မဟာဗျူဟာမြောက် အပြန်အလှန်ဆက်ဆံရေးပုံစံတစ်ခုဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် မော်စကို၌တွေ့ဆုံရာတွင်ပြောကြားခဲ့သည်။

‘ကျနော်တို့က တချို့အနောက်နိုင်ငံတွေလို ရန်လိုတဲ့စစ်ဘက်ဆိုင်ရာအစုအဖွဲ့ ဖန်တီးနေတာမဟုတ်ပါဘူး။ ရုရှားနဲ့တရုတ်ကြားဆက်ဆံရေးဟာ ယုံကြည်မှုနဲ့ လေးစားမှုအပေါ်အခြေခံတဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုရဲ့စံနမူနာပါပဲ” ဟုလည်း ရုရှားကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည်။

ယင်းနောက် ၎င်းတို့သည် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိုလည်း ဆက်လက်ဆွေးနွေးခဲ့ကြသည်။

ယခုတရုတ်ကိုယ်စားလှယ်၏ခရီးစဉ်သည် ရုရှားသမ္မတ၏ပေကျင်းခရီးစဉ်အပြီး သုံးပတ်အကြာတွင် ဖြစ်လာခဲ့ခြင်းလည်းဖြစ်သည်။

မော်စကိုသည် ယူကရိန်းအရေးကြောင့် ကမ္ဘာ့ဇာတ်ခုံတွင် အထီးကျန်ဖြစ်နေချိန်အတွင်း ပေကျင်းသည် ရုရှား၏ နိုင်ငံရေးနှင့်စီးပွားရေးအဓိကမဟာမိတ်ဖြစ်လာပြီး ပူတင်နှင့်တရုတ်ခေါင်းဆောင်ရှီတို့သည် အနောက်နိုင်ငံများနှင့်အတိုက်အခံလုပ်ရာ၌ ညီညွတ်စွာဆောင်ရွက်ခဲ့ကြသည်။

Ref 1 : Russia Defence Ministry
Ref 2 : Barron


LEAVE A REPLY

Please enter your comment!
Please enter your name here