တရုတ်-မြန်မာ နှစ်နိုင်ငံ ဝင်ထွက်ခွင့်ကဒ်များ ပြန်လည်ထုတ်ပေးနေပြီဖြစ်

0
491

တရုတ်-မြန်မာ နှစ်နိုင်ငံ ဝင်ထွက်ခွင့်ကဒ် (TBP) ကို ယနေ့တွင် တုံကင်ပြန်လည်ထုတ်ပေးနေပြီဖြစ်ကြောင်း လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ရက်မှ သိရသည်။

ယနေ့ နံနက် (၇) နာရီမှစတင်ကာ မူဆယ်မြို့ နန်းတော်ဂိတ်ပေါက် TBP နှစ်နိုင်ငံဝင်ထွက်ခွင့်ကတ်အတွက် ကြိုတင်စာရင်းများ ကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူဆယ်-ရွှေလီ ဝင်ထွက်ခွင့် တစ်ခါသုံးကဒ် TBP အား ပြီးခဲ့သည့် စက်တင်ဘာ (၄) ရက်မှ စတင်ပြုလုပ်ပေးနေပြီး တရုတ်ပြည် ရွှေလီဘက်အခြမ်းသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် စောင့်ဆိုင်းနေသူများ များပြားနေကြောင်း သိရသည်။

မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားသူ မည်သူမဆို နှစ်နိုင်ငံဝင်ထွက်ခွင့်ကဒ် (၆) ညအိပ် (၇) ရက်ကတ် ပြုလုပ်ပေးနေခြင်းဖြစ်သည်။

မြန်မာဘက်မှ တရုတ်ပြည်သို့ သွားရောက်လိုသူများအနေဖြင့် QR ကုဒ် စနစ်အတွင်း ဝင်ရောက်ပြီးပါက နောက်တစ်ကြိမ် ကဒ်ထပ်လုပ်စရာမလိုဘဲ ဝင်ထွက်သွားလာခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ (၂၇) ရက်မှ စတင်ကာ တိုက်ပွဲများကြောင့် နှစ်နိုင်ငံဝင်ထွက်ခွင့်ကတ် ပြုလုပ်ပေးမှုကို ရပ်နားထားပြီး ယနေ့တွင် ပြန်လည်ပြုလုပ်ပေးခြင်း ဖြစ်သည်။

Photo- လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ရက်


LEAVE A REPLY

Please enter your comment!
Please enter your name here