မလေးတွင် ဆောက်လက်စ အဆောက်အဦးပြိုကျမှုကြောင့် မြန်မာ (၄) ဦးပိတ်မိနေပြီး အသက်အန္တရယ်စိုးရိမ်နေရဟုဆို

0
335

မလေးရှားနိုင်ငံ၊ Perhentian ကျွန်းရှိ ဆောက်လက်စ အပန်းဖြေစခန်းအဆောက်အဦး ပြိုကျမှုကြောင့် မြန်မာ အလုပ်သမား (၄) ဦး အသက်ရှင်လျက်ပိတ်မိနေပြီး အသက်အန္တရယ်စိုးရိမ်ရကြောင်း မလေးရှားမီဒီယာအချို့၏ ရေးသားချက်အရသိရသည်။

မလေးရှားနိုင်ငံ၊ Perhentian ကျွန်းရှိ Pulau Perhentianအနီးရှိ ဆောက်လက်စ အပန်းဖြေစခန်းအဆောက်အဦးသည် ယနေ့ နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းက ပြိုကျပြီးနောက် မြန်မာအလုပ်သမား (၄) ဦး ဒဏ်ရာရခဲ့ပြီး မြန်မာနိုင်ငံသား အလုပ်သမား (၄) ဦး အသက်ရှင်လျက် ပိတ်မိ သေဆုံးသွားမည်ကို စိုးရိမ်ရကြောင်း Terengganu မီးသတ်နှင့် ကယ်ဆယ်ရေးဌာန (JBPM) ၏ လက်ထောက်ညွန်ကြားရေးမှူး Muhammad Basri Kamarazaman က ပြောသည်။

“မနက် ၇ နာရီ ၃၄ မိနစ်မှာ မီးသတ်ဌာနက အခင်းဖြစ်ပွားတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဖုန်းလက်ခံရရှိခဲ့ပါတယ်၊ Besut မီးသတ်ဌာနကနေ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို အခင်းဖြစ်ပွားရာနေရာဆီ ချက်ချင်းစေလွှတ်ခဲ့ပါတယ်၊ ကယ်ဆယ်ရေးသမားများက အပျက်အစီးများအောက်မှာ ပိတ်မိနေသူလေးဦးကို ရှာဖွေနေဆဲဖြစ်ပါတယ်” ဟု Terengganu မီးသတ်နှင့် ကယ်ဆယ်ရေးဌာနမှ Muhammad Basri Kamarazaman က ပြောကြားထားသည်။

လက်ရှိအချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အနံ့ခံ ခွေးများနဲ့ လေတပ်ကို အကူညီပေးဖို့ တောင်းဆိုထားပြီး ဒဏ်ရာရသူများကို ဆေးရုံတွင် ဆေးကုသမှုခံယူထားစေ‌ကြောင်းသိရသည်၊

Photo – Terengganu Fire and Rescue Department


LEAVE A REPLY

Please enter your comment!
Please enter your name here