ဆီးရီးယားရှိ လက်နက်သိုလှောင်ရုံတစ်ခုကို အမေရိကန် လေကြောင်းမှ တိုက်ခိုက်

0
197

အီရန်ကျောထောက်နောက်ခံပေးထားသော လက်နက်ကိုင်အဖွဲ့များအသုံးပြုနေသည့် ဆီးရီးယားအရှေ့ပိုင်းရှိ လက်နက်သိုလှောင်ရုံတစ်ခုကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ယင်း ဒေသတွင်းရှိ အမေရိကန်တပ်ဖွဲ့များ၏ အခြေစိုက်စခန်းများကို လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း တိုက်ခိုက်ခံရမှုများ ရှိလာနေသည့်အတွက် လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပင်တဂွန်က ပြောသည်။

ဗုဒ္ဓဟူးနေ့ကပြုလုပ်သည့် လေကြောင်း တိုက်ခိုက်မှုအတွင်း အမေရိကန် F-15 တိုက်လေယာဉ်နှစ်စင်းသည် အဆိုပါ လက်နက်သိုလှောင်ရုံပေါ်သို့ ဗုံးအချို့ချခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားသည်။

ထို့နောက် ယင်းသိုလှောင်ရုံကို အမေရိကန်စစ်တပ်က နာရီပေါင်းများစွာ ဆက်လက်စောင့်ကြည့်ခဲ့ရာ နေ့ခင်းဘက်အရောက်တွင် လူများပြန်လည်ရောက်ရှိလာသည်ကို မြင်တွေ့ရကြောင်း အမေရိကန် စစ်ဘက်အရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုတွင် လက်နက်သိုလှောင်ရုံအတွင်းမှ ထပ်ဆင့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းက သိုလှောင်ရုံထဲတွင် လက်နက်ခဲယမ်းများ ရှိနေခြင်းကိုညွှန်ပြနေကြောင်း၊ သို့သော် အရပ်သားများ သေဆုံးခြင်း မရှိကြောင်းတို့ကိုလည်း အမေရိကန် အရာရှိက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here