ပြည်မြို့တွင် ဆိုင်ကယ်နှင့် ပိုက်ဆံများ ခိုးလာသူ တစ်ဦး ဆိုင်ကယ်တိမ်းမှောက်ရာမှ ဖမ်းဆီးရမိပြီး လူမှုကူညီရေးအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရ

0
248

ပဲခူးတိုင်းဒေသကြီး၊ (အနောက်ပိုင်း) ပြည်မြို့တွင် ဆိုင်ကယ်၊ ဖုန်းနှင့် ပိုက်ဆံများ ခိုးယူလာသူ အမျိုးသား တစ်ဦး ဆိုင်ကယ်မှောက်၍ ထိခိုက်ဒဏ်ရာများရရှိရာမှ ဖမ်းဆီးရမိခဲ့ပြီး မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ ဆေးကုသမှု ပေးခဲ့ရကြောင်း သိရသည်။

ပြည်မြို့တွင် နိုဝင်ဘာ (၈) ရက် ည (၁၁)နာရီ အချိန်ခန့်က ဆိုင်ကယ်၊ ဖုန်းနှင့် ပိုက်ဆံများ ခိုးယူလာသူ အမျိုးသား တစ်ဦးမှာ ပြည်မြို့၊ အောင်ဆန်းရပ်၊ ဆေးရုံလမ်းတိုလမ်းမပေါ် လိုတရကဖီးအနီးတွင် ဆိုင်ကယ်မှောက်၍ ထိခိုက်ဒဏ်ရာများ ရရှိကြောင်း သတင်းအရ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သွားရောက်ခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်၊ ဖုန်းနဲ့ ပိုက်ဆံတွေ ခိုးလာသူတစ်ဦး ဆိုင်ကယ်မှောက်လို့ ထိခိုက်ဒဏ်ရာရပြီး အရေးပေါ် လာရောက်ကူညီပေးဖို့ ဆက်သွယ်အကြောင်းကြားလာတာကြောင့် သွားရောက်ကူညီခဲ့တာပါ။ မြေပြင်အရေးပေါ်ကုသမှုတွေ ပေးပြီး အရေးပေါ်ဌာနကို ပို့လိုက်ပါတယ်။”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ နယ်မြေခံ ရပ်ကျေးတာဝန်ရှိသူများနှင့် ပူးပေါင်း၍ အမျိုးသား လူနာအား မျက်ခုံးကွဲ၊ ညာခြေထောက်နာ၊ ခြေလက်ပေါက်ပြဲ ဒဏ်ရာများကို မြေပြင်အရေးပေါ်လိုအပ်သည်များကို ကူညီကုသပေး၍ ပြည်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပါရမီ (၃) အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here