လောက်ကိုင်မြို့တွင် ယာယီထိန်းသိမ်းခံထားရသော ထိုင်းနိုင်ငံသားများကို လူသားတံတိုင်းအဖြစ် အသုံးပြုခြင်း မရှိကြောင်း ထိုင်းဒုရဲချုပ် Surachet Hakphan ပြော

0
385

ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်မြို့တွင် ယာယီထိန်းသိမ်းခံထားရသော ထိုင်းနိုင်ငံသား (၁၆၂)ဦးကို လူသားတံတိုင်းအဖြစ် အသုံးပြုခြင်းမျိုး မရှိကြောင်း ထိုင်းရဲတပ်ဖွဲမှ ဒုတိယ ရဲချုပ် Surachet Hakphan ၏ ပြောဆိုချက်အရ သိရသည်။
ရှမ်းမြောက် လောက်ကိုင်မြို့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ထိုင်းနိုင်ငံသား (၁၆၂) ဦးကို ထိုင်းနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရန် မြန်မာအစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေးရန် ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲချုပ်မှ နိုဝင်ဘာ (၆)ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ်သည် ရန်ကုန်မြို့သို့ ရောက်ရှိနေချိန်အတွင်း လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူများ အပါအဝင် အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

“မြန်မာအစိုးရရဲ့စောင့်ရှောက်မှုအောက်မှာ ရှိနေပါတယ်။ ထိုင်းနိုင်ငံသားတွေကို ပြန်ပေးဆွဲတာ၊ တိုက်ပွဲတွေမှာ လူသားတံတိုင်းအဖြစ် အသုံးပြုတာမျိုး မရှိဘူးဆိုတာကို ကျွန်တော်အတည်ပြုနိုင်ပါတယ်။ အဲ့ဒီသတင်းတွေက မှန်ကန်မှု မရှိပါဘူး။ ထိုင်းနိုင်ငံသားတွေကို ကောင်းမွန်စွာ ဂရုစိုက်စောင့်ရှောက်ထားပါတယ်။အခုလိုလုပ်ဆောင်ပေးတာတွေကလည်း ထိုင်းအစိုးရအနေနဲ့ ထိုင်းပြည်သူတွေအပေါ်ကို ဂရုစိုက်စောင့်ရှောက်တယ်ဆိုတာပြသချင်လို့ပါ။”ဟု ထိုင်းရဲတပ်ဖွဲ ဒုရဲချုပ် Surachet Hakphan ပြောသည်။

ယာယီထိန်းသိမ်းခံထားရသည့် ထိုင်းနိုင်ငံသားများအား မြန်မာအာဏာပိုင်များမှလည်း ၎င်းတို့ကို မိခင်နိုင်ငံသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်နိုင်ရန် လုပ်ဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ ဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား (၁၆၂) ဦး အနက် (၂၉) ဦးကို လောက်ကိုင်မြိုရှိ ဟိုတယ်တစ်ခုမှ ကယ်ထုတ်ခဲ့ပြီး နောက်ထပ် (၁၃၃) ဦးကို ဘေးကင်းရာသို ထပ်မံကယ်ထုတ်ခဲ့ရကြောင်း ရှမ်းမြောက်တွင် ထိတွေ့မှုများကြောင့် ထိုင်းနိုင်ငံသား (၁၆၂) ဦးကို တရုတ်နိုင်ငံ၊ ကူမင်းမြို့မှ တစ်ဆင့် လေယာဉ်ဖြင့် ပြန်လည် ပို့ဆောင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်းလည်း ထိုင်းဒုရဲချုပ်က ပြောဆိုထားသည်။

ရှမ်းမြောက်တွင် ထိတွေ့မှုများ ပြင်းထန်နေခြင်းကြောင့် လောက်ကိုင်မြို့၌ ပိတ်မိနေသော နီပေါ၊ အီသီယိုးပီးယားနှင့် လာအိုတို့ အပါအဝင် နိုင်ငံခြားသား (၅၀၀) ခန့်တွင် ထိုင်းလူမျိုးများလည်း ပါဝင်ကြောင်း သိရသည်။

Source and photo credit-transbordernews


LEAVE A REPLY

Please enter your comment!
Please enter your name here