စားအုန်းဆီ ဝယ်ယူရန် တန်းစီနေသည့် အမျိုးသမီးကို ယာဉ်တစ်စီးက ဝင်ရောက်တိုက်မိမှု ဖြစ်ပွား

0
154

ရန်ကုန်တိုင်း ၊ လှိုင်မြို့နယ်၊ ရန်ကုန် – အင်းစိန်လမ်းမ‌‌ပေါ် ဘာတာဈေးအနီးတွင် စားအုန်းဆီဝယ်ယူရန် တန်းစီနေသည့် အမျိုးသမီးတစ်ဦးကို ယာဉ်တစ်စီးမှ ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း ရွှေရောင်သမိုင်း အရေးပေါ် ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်းမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၊ ဘာတာဈေးအနီးတွင် ယနေ့ နိုဝင်ဘာ (၉)ရက် နံနက် (၇)နာရီခန့် အချိန် က အမျိုးသမီး တစ်ဦးကို ယာဉ်တစ်စီးက ဝင်ရောက်တိုက်မိမှု ဖြစ်ပွားကြောင်း လမ်းသွားလမ်းလာတစ်ဦးက”ရွှေ ရောင်သမိုင်း” အသင်းရုံးသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်း ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ် နေရာသို့ “ရွှေရောင်သမိုင်း” အသင်းမှ လူနာတင်ယာဥ် (၁)စီးဖြင့် ထွက်ခွာကူညီခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးအား လိုအပ်သည့် ကနဦး ပြုစုမှုများ ပြုလုပ်ပေးကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အခမဲ့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here