သက်တော်ရှည် ဖားအောက်ဆရာတော်ဘုရားကြီး ဆေးဝါးကုသမှု ခံယူရန် စင်္ကာပူနိုင်ငံသို့ ကြွရောက်

0
364

သက်တော် (၉၀) ရှိပြီဖြစ်သည့် ကျေးဇူးတော်ရှင်ဖားအောက်ဆရာတော် ဘုရားကြီးသည် ဆေးဝါးကုသမှု ခံယူရန် စင်္ကာပူနိုင်သို့ ယနေ့ နိုဝင်ဘာ (၉) ရက်တွင် ရောက်ရှိခဲ့ကြောင်း ဆရာတော်ဘုရားကြီး၏ တပည့်သာဝကများထံမှ သိရသည်။

ဆရာတော် ဘုရာကြီးအနေဖြင့် ဆေးဝါးကုသမှုမခံယူမီနှင့် ဆေးကုသမှုခံယူပြီးစတွင် လုံလောက်စွာ အနားယူရန် လိုအပ်သည့်အတွက် ဆရာတော်ဘုရားကြီးအား လာရောက်ဖူးမြှော်ခွင့်ကို ကန့်သတ်ထားရှိ ဦးမည်ဖြစ်ကြောင်း ဆရာတော်ဘုရားကြီး၏ အနီးကပ်တပည့်သာဝကများမှ အသိပေးထားသည်။

ဆေးကုသမှု ခံယူပြီး ဆရာဝန်များမှ စိတ်ချရသည့်အခြေအနေသို့ရောက်ရှိကြောင်း ခွင့်ပြုသည်နှင့် ဆရာတော်ဘုရားကြီးအား ကန်တော့ပွဲ စီစဉ်ပေးမည်ဖြစ်ပြီး အသိပေးကြညာသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – Phyu Wint Yee Facebook


LEAVE A REPLY

Please enter your comment!
Please enter your name here