ကိုလံဘိုဆိပ်ကမ်းတွင် ဒေါ်လာ ၅၅၃ သန်းတန်ဆိပ်ကမ်းတည်ဆောက်ရန်အမေရိက စီစဉ်နေ

0
196

ကိုလံဘို၊နိုဝင်ဘာ ၉

နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာ‌ငွေထောက်ပံ့ရာတွင် တရုတ်နိုင်ငံနှင့်ယှဉ်ပြိုင်နေသောအမေရိကသည် သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းတွင် ဒေါ်လာ ၅၅၃ သန်းတန်ဖိုးရှိ ရေနက်သင်္ဘောဆိပ်ကမ်းစီမံကိန်းတစ်ခုကိုတည်ဆောက်ရန်ရှိကြောင်းဗုဒ္ဓဟူးနေ့တွင်ကြေငြာခဲ့သည်။

ယခုစီမံကိန်းကြောင့် သီရိလင်္ကာနိုင်ငံသည် ၎င်း၏ရေကြောင်းသယ်ယူပို့ဆောင်နိုင်မှုစွမ်း ရည်မြင့်တက်လာမည်ဖြစ်သည်။

သီရိလင်္ကာသည် တရုတ်ထံမှကြွေးမြီများကြောင့် ကြီးမားသော ဘဏ္ဍာရေးနှင့်စီးပွားရေးအကျပ်အတည်းမှပြန်လည်နာလန်ထူရန်ကြိုးစားနေချိန်တွင် အမေရိက၏ယခုကြေငြာချက်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ သို့သော် တရုတ်နိုင်ငံ၏ကြွေးမြီများကြောင့် ယခုကဲ့သို့ ဖြစ်ရသည်ဟူသောအချက်အား တရုတ်က ငြင်းဆိုထားသည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံနှစ်ခုဖြစ်သည့် အမေရိကနှင့်တရုတ်တို့သည် လွန်ခဲ့သည့်နှစ်များအတွင်းကုန်သွယ်ရေး၊ထိုင်ဝမ်အရေးနှင့်အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်ကိစ္စများကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

Source : အေပီနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here