ဂါဇာကို ချေမှုန်းရာတွင် နေ့စဉ် ၄ နာရီကြာ စစ်နားရန် အစ္စရေးသဘောတူ

0
158

ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွင် အရေးပါသည့် အောင်မြင်မှုတစ်ရပ်အဖြစ် အစ္စရေးတို့သည် ဂါဇာမြောက်ပိုင်း၌ တိုက်ခိုက်နေမှုကို နေ့စဉ် လေးနာရီကြာ ခေတ္တမျှစစ်နားပေးရန် သဘောတူခဲ့ကြောင်း အိမ်ဖြူတော်က ကြာသပတေးနေ့က ပြောကြားခဲ့သည်။

ကြာသပတေးနေ့မှစတင်၍ လေးနာရီကြာစစ်နားမည်ဖြစ်ပြီး၊ ထိုသို့ စစ်နားမည်ကိုလည်း အနည်းဆုံးသုံးနာရီကြိုတင်ကြေညာပေးမည်ဟု အစ္စရေးတို့က ကတိပြုထားကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ က ပြောကြားခဲ့သည်။

ဟားမတ်စ်တို့၏ ပြင်းထန်သော အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပြီးတွင် အစ္စရေး၏ စစ်ဆင်ရေးကြောင့် နယ်မြေများအတွင်း အရပ်သားများ ထွက်ပြေးရန် ဒုတိယမြောက် စင်္ကြံကို ဖွင့်လှစ်ခဲ့ပြီး နယ်မြေ၏ အဓိက မြောက်-တောင် အဝေးပြေးလမ်းမကြီးနှင့် ကမ်းရိုးတန်းလမ်းကိုလည်း ဖွင့်ပေးထားကြောင်း သိရသည်။

သို့သော်လည်း ကြာသပတေးနေ့ညအထိမူ အစ္စရေးထံမှ ယင်းကဲ့သို့သော စစ်နားသည့် အရိပ်အယောင် မတွေ့ရှိရသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here