ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီအိမ်ယာအနီး လမ်းဘေး ရပ်ထားသော နောက်တွဲယာဉ်အား အငှားယာဉ်မှ တိုက်မိ ယာဉ်မောင်း အမျိုးသား ဒဏ်ရာရ

0
190

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်းမ၊ ရတနာနှင်းဆီအိမ်ယာအနီး ရပ်ထားသည့် နောက်တွဲယာဉ်ကို အငှားယာဉ်မှ ဝင်ရောက်တိုက်မိရာ အငှားယာဉ်မောင်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေး သွားရောက်သည့် လင်းပရဟိတအသင်းမှ သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်းမ၊ ရတနာနှင်းဆီအိမ်ယာအနီး နိုဝင်ဘာ (၉)ရက်၊ ည (၇)နာရီ (၄၉)မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ လင်းပရဟိတအသင်းမှ ကယ်ဆယ်ရေး သွားရောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လမ်းဘေးတွင် ရပ်ထားသော နောက်တွဲယာဉ်အား အငှားယာဉ်မှ အနောက်က မတော်တဆ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရ အငှားယာဉ်မောင်းအား လင်းပရဟိတ လူနာတင်ယာဉ်ဖြင့် စံပြဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here