ဟောင်ကောင်၌ အာဖရိကဝက်တုပ်ကွေးတွေ့၍ ဝက်အကောင် ၅,၆၀၀ အားသုတ်သင်

0
235

ဟောင်ကောင်၊နိုဝင်ဘာ ၉

အာဖရိကဝက်တုပ်‌ကွေးရောဂါဗိုင်းရပ်စ်ကို ဒေသတွင်း ဝက်မွေးမြူရေးခြံတစ်ခု၌တွေ့ရှိပြီးနောက် ဝက်အကောင်ရေ ၅,၆၀၀ ခန့်အားသုတ်သင်ရန် ဟောင်ကောင်အာဏာပိုင်များက နိုဝင်ဘာ ၉ ရက်တွင်အမိန့်ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဗိုင်းရပ်စ်သည် လူတို့၏ ကျန်းမာရေး အတွက်​ဘေးမဖြစ်သော်လည်း ဝက်အကောင်အရေအတွက်နှင့် မွေးမြူရေးလုပ်ငန်းအပေါ် ဆိုးရွားစွာသက်ရောက်မှုရှိကြောင်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။

စိုက်ပျိုးရေး၊ငါးလုပ်ငန်းနှင့် ထိန်းသိမ်းရေးဦးစီးဌာန (AFCD) ကမူ ဒေသတွင်းမွေးမြူရေးခြံများအား သန့်ရှင်းရေးနှင့်ပိုးသတ်ဆေးများ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဝက်မွေးမြူ‌ရေးခြံများကိုအနီးကပ်စောင့်ကြည့်ကာ လိုအပ်ပါက ရောဂါစမ်းသပ်မှုများပါပြုလုပ်ပေးသွားမည်ဟုလည်းဆိုခဲ့သည်။

ယခုရောဂါနှင့်ပတ်သက်၍ လူထုအနေဖြင့် စိုးရိမ်စရာမလိုကြောင်းပြောကြားခဲ့ကြပြီး အဆိုပါဗိုင်းရပ်စ်စတင်ဖြစ်ပေါ်ရပုံအား နိုင်ငံတကာပညာရှင်များနှင့်ဆွေးနွေးတိုင်ပင်ကာ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း AFCD ကဆိုသည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here