ဂျီမေးလ်အကောင့်များ ဖျက်သိမ်းသည့် လုပ်ငန်းစဉ် ဒီဇင်ဘာတွင်စမည်ဟု ဂူးဂဲလ်ဆို

0
289

လွန်ခဲ့သည့် ၂ နှစ်နှင့် ၂ နှစ်ကျော်ကတည်းက လော့အင်မလုပ်၊ အသုံးမပြုပဲထားသော ဂျီမေးလ်အကောင့်များကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ဖျက်သိမ်းတော့မည်ဟု ဂူးဂဲလ်ကကြေညာသည်။

ဂျီမေးလ်အကောင့်တစ်ခုတည်းသာမျှမက Google Drive, Google Docs, Google Calendar နှင့် Google Photo များလည်း အကြုံးဝင်သည်။

ယင်းအကောင့်များကို အပြီးသတ်ဖျက်သိမ်းခြင်း(Permanently delete)ပြုလုပ်မည်ဟု ဂူးဂဲလ်ကဆိုထားသည်။

သို့ရာတွင် ထိုသို့မဖျက်သိမ်းမီ အကြောင်းကြားစာများပို့မည်ဖြစ်ကြောင်း၊ မိမိ၏ အကောင့်အပြင် recovery email address သို့ပါ အကြောင်းကြားစာများ ပို့မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here