သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်) နေ့သင်တန်းများနှင့် သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) ပထမနှစ်၊ ဒုတိယနှစ်သင်တန်းများ နိုဝင်ဘာ (၂၃) ရက်တွင် စတင်ဖွင့်လှစ်မည်

0
310

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) နေ့သင်တန်းများနှင့် သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး) ပထမနှစ်၊ ဒုတိယနှစ်သင်တန်းများကို လာမည့် နိုဝင်ဘာလ (၂၃) ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် ပထမနှစ် (၂၀၂၃ အောင်) (ပထမနှစ်ဝက်) သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်) သင်တန်းများ၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ဘွဲ့လွန်ဒီပလိုမာနှင့် မဟာဘွဲ့ သင်တန်းများ၏ ဒုတိယနှစ်ဝက်သင်တန်းများကို နိုဝင်ဘာ (၂၃) ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖွင့်လှစ်မည့် သင်တန်းများ အားလုံးကို နိုဝင်ဘာ (၁၆)ရက်မှ စတင်၍ ပိတ်ရက်မရှိ နံနက် (၉)နာရီမှ ညနေ (၄)နာ ရီအထိ ကျောင်းအပ်လက်ခံမည်ပြီး ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့် အောင်မြင်သူများ ပထမနှစ် (ပထမနှစ်ဝက်) သင်တန်း သို့ ဝင်ခွင့်ရရှိသူများစာရင်းကို ဝန်ကြီးဌာန Website ဖြစ်သည့် https://mcrd.gov.mm နှင့် တက္ကသိုလ် Website ဖြ စ်သည့် https://ucmt.edu.mm တို့တွင် နိုဝင်ဘာ (၉)ရက်မှ စတင်ကြေညာပေးထားကြောင်း သိရသည်။

ထို့အပြင် သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက်) သင်တန်းအားလုံးကို နိုဝင်ဘာ (၂၃) ရက်မှ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး နိုဝင်ဘာ (၁၆)ရက်မှ စတင်၍ နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ ကျောင်းအပ်လက်ခံပြီး ပထမနှစ် (ပထမနှစ်ဝက်) သင်တန်း ဝင်ခွင့်ရရှိသူများကို https://mcrd.gov.mm နှင့် သက်ဆိုင်ရာ သမဝါယမကောလိပ်များတွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here