ပြည်တွင်းရှိ စက်ရုံတစ်ရာနီးပါးမှ အထည်များကို ပိုလန်နိုင်ငံက မှာယူမှုများရှိနေ

0
133

ပိုလန်နိုင်ငံ အနေဖြင့် မြန်မာပြည်တွင်းရှိ အထည်ချုပ်စက်ရုံ တစ်ရာနီးပါး၌ အထည်မှာယူမှုများရှိနေကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

နိုဝင်ဘာ (၁၀) ရက် နေ့လယ်ပိုင်းက ကျင်းပသည့် မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

” ကျွန်မတို့ အသင်းကို မကြေညာဘဲ အသစ်ရောက်နေတဲ့ ဝယ်သူတွေလည်း အများကြီးရှိတယ်။ အခုဆို ပိုလန်က အော်ဒါအကြီးကြီး ယူလာပြီးတော့မှ စက်ရုံတစ်ရာနီးပါးလောက်မှာ အပ်နေတယ်လို့ ကြားတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အချို့သော အမှတ်တံဆိပ်များသည် နိုင်ငံအတွင်းမှ ဖြည်းဖြည်းချင်း ဆုတ်ခွာမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း စက်ရုံပိတ်သိမ်းမှုအပေါ် သိသာထင်ရှားစွာ ကြားသိရခြင်းမရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

သို့သော် လက်ရှိအချိန်ထိ ဝယ်ယူသူများ ရှိနေဆဲဖြစ်သည့်အပြင် အမှတ်တံဆိပ်အသစ်များလည်း ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here