မန္တလေးဆိပ်ကမ်းမှ ကုန်စည်သယ်ယူပို့ဆောင်မှုများပြားလာ

0
194

ရန်ကုန်၊ ဗန်းမော်နှင့် အခြားမြို့များသို့ ကုန်စည်သယ်ယူပို့ဆောင်မှုများပြားလာကြောင်းမန္တလေးတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြား‌ရေးမှုးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်တင်တင်ထွန်း၏ ပြောကြားချက်အရ သိရသည်။

မန္တလေးဆိပ်ကမ်းမှ ရန်ကုန်၊ ဗန်းမော်နှင့် အခြားမြို့များသို့ နိုဝင်ဘာလ ၁ ရက်နေ့မှ ၈ ရက်နေ့ထိ ကုန်စည်တင်ပို့သည့် ကုန်တင်ရေယာဉ် ၂၃ စီးထိရှိခဲ့ကြောင်း အဆိုပါဆိပ်ကမ်းမှ ရန်ကုန်၊ ဗန်းမော်နှင့် အခြားမြို့များသို့ ပြောင်းဆန်၊ ဘိလပ်မြေ၊ ကျောက်မီးသွေး၊ ကျောက်စရစ်စသည့် ကုန်စည်များတင်ပို့သည့် ကုန်တင်ရေယာဉ် ၂၃ စီးထိ ရှိခဲ့ကြောင်း သိရသည်။

“ခုလတ်တလော မန္တလေးဆိပ်ကမ်းမှာ ကုန်စည်ရရှိမှုက ပြန်ပြီးများပြားလာတယ်။ ဘိလပ်မြေ၊ ကျောက်စရစ် စတဲ့ကုန်စည်တွေကအများဆုံး ဖြစ်နေပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြား‌ရေးမှုးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်တင်တင်ထွန်းက နိုင်ငံပိုင်သတင်းစာသို့ဖြေကြားထားသည်။

မန္တလေးဆိပ်ကမ်းမှ ရန်ကုန်၊ ဗန်းမော်နှင့် အခြားမြို့များသို့ နိုဝင်ဘာလ ၁ ရက်နေ့မှ ၈ ရက်နေ့ထိ တင်ပို့နိုင်ခဲ့သည့် ကုန်တန်ချိန်များမှာ ဘိလပ်မြေ ၁၅၇၇၅ ဒသမ ၅၈ တန်၊ ကျောက်မီးသွေးတန်ချိန် ၃၇၀၀၊ ပြောင်းဆန် ၂၂၂၂ ဒသမ ၂ တန်၊ ကျောက်စရစ်ကျင်းအ‌ရေအတွက်မှာ ကျင်း ၉၀၀ ထိ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးဆိပ်ကမ်းတွင် ယခုလက်ရှိ တင်ပို့ရမည့်ကုန်စည်များပြားလာခြင်းကြောင့် ရေယာဉ်များပေါ်တွင် ကုန်စည်များကိုသတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်မှုများ မပြုလုပ်ကြရန်လိုအပ်ကြောင်း၊ ရေယာဉ်၏ အရွယ်အစားနှင့် မချိန်ဘဲကုန်များကိုတင်ဆောင်ကာ မြစ်အတွင်းသွားလာပါက ရေယာဉ်များအန္တရာယ်ရှိနိုင်ကြောင်း သတိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here