မြောက်ဥက္ကလာတွင် ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးကို လူ (၃)ဦးက ‌ေ-သနတ်ဖြင့် ပစ်ခတ်ပြီး ကျပ်သိန်းတစ်သောင်းဝန်းကျင် တန်ဖိုးရှိ ရွှေထည်ပစ္စည်းအိတ် လုယက်ခံရမှုဖြစ်ပွား

0
276

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်မှ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦးကို အမည်မသိ စိစစ်ဆဲ လူ (၃)ဦးက ‌ေ-သနတ်ဖြင့် ပစ်ခတ်ပြီး ကျပ်သိန်းတစ်သောင်းဝန်းကျင် တန်ဖိုးရှိ ရွှေထည်ပစ္စည်းအိတ် လုယက်ခံရမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ သုမိတ္တာ (၂၂) လမ်း၊ အမှတ် (၈၆၇)ရှိ ရွှေဆိုင်ပိုင်ရှင် နေအိမ်တွင် နိုဝင်ဘာ (၁၀)ရက်၊ ညနေပိုင်းက ဆိုင်သိမ်းပြန်လာသူ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးကို အမည်မသိ စိစစ်ဆဲ လူ (၃)ဦးက ဆိုင်ကယ်နှစ်စီးဖြင့် လာရောက်ကာ ‌ေ-သနတ်ဖြင့် ပစ်ခတ်ပြီး ရွှေထည်ပစ္စည်းအိတ်ကို လုယက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ‌ေ-သနတ်ဖြင့် ပစ်ခတ်ပြီး ရွှေထည်ပစ္စည်းလုယက်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးပြီး အမှုဖွင့် အရေးယူထားကြောင်းနှင့် ရွှေဆိုင်ပိုင်ရှင်မှာ ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၈) ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့၊ ညဈေးက ရွှေဆိုင်သိမ်းကာ နေအိမ်ပြန်လာသည့် ဆိုင်ပိုင်ရှင်ကို လူတစ်စုက ရိုက်နှက် ကားဖြင့် ဖမ်းဆီးခေါ်ဆောင်ပြီး အလေ-ာင်းကို အမြန်လမ်းပေါ်ချထားခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here