ကမ္ဘာ့ရွှေဈေးကျဆင်းလာသော်လည်း ပြည်တွင်းရွှေဈေးအမြင့်ပိုင်းတွင် ရှိနေ

0
135

ယခုတစ်ပါတ်အတွင်း ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၉၃၈ ဒေါ်လာအထိ ကျဆင်းလာသော်လည်း ပြည်တွင်းရွှေဈေး သည်အမြင့်ပိုင်းတွင် တည်ရှိနေကြောင်း ဖော်ပြထားသည့်ဈေးနှုန်းများအရ သိရသည်။

အဆိုပါ ကမ္ဘာ့‌ရွှေဈေးနှုန်းမှာ ပြီးခဲ့သည့် နိုဝင်ဘာ (၆) ရက် (တနင်္လာနေ့) နှင့် နှိုင်းယှဉ်ပါက တစ်အောင်စ လျင် ၄၅ ဒေါ် လာ ကျဆင်းခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ကမ္ဘာ့‌ရွှေဈေးနှုန်းကျဆင်းလာသော်လည်း ပြည်တွင်း ပြင်ပဈေးကွက်တွင် အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားလျှင် ၃၅ သိန်းကျပ် ရှိနေပြီး ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းဈေးနှုန်းသည်ပင် သိန်း ၃၀ ကျပ် အထက်တွင်‌ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိတွင် ရွှေဈေးကွက်အတွင်း အရောင်းအဝယ်မရှိသလောက်အေးနေပြီး လာမည့် ၂၀၂၄ ခုနှစ်မှသာ အရောင်း အဝယ်ပုံမှန်ပြန်ဖြစ်လာနိုင်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူးစ်သို့ ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here