အနာဂတ်ယူကရိန်းအရေး ဆွေးနွေးပွဲများတွင် ရုရှားပါဝင်လာနိုင်သည်ဟု ပြင်သစ်သမ္မတပြောကြား

0
184

ရုရှားပါဝင်မည့် ယူကရိန်းအရေး ဆွေးနွေးမည့် အချိန်ရောက်လာနိုင်ကြောင်း ပြင်သစ်သမ္မတ အန်မန်နူယယ်မိုက်ခရွန် က BBC နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

မီဒီယာများတွင်ဖော်ပြထားသည့် “တရားမျှတပြီး ကောင်းမွန်သော စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန်၊ စားပွဲဝိုင်းတွင် ရုရှားနှင့် အဖြေရှာရန် အချိန်ကျရောက်လိမ့်မည်” ဟုဆိုခြင်းကို မိုက်ခရွန်က မငြင်းဆိုခဲ့ပေ။ သို့သော်လည်း ဆုံးဖြတ်ချက်ချရန်မှာ ယူကရိန်းအပေါ်တွင်အပြည့်အ၀ မူတည်နေသော်လည်း ယခုအချိန်တွင်မူ ယင်းအချိန်မကျရောက်သေးကြောင်းကိုမူ ပြောကြားခဲ့သည်။

ရုရှားသမ္မတ၏ လက်ထောက် Yury Ushakov က ရုရှားသည် ယူကရိန်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီဟု နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သော်လည်း ယူကရိန်းဖက်ကမူ စေ့စပ်ညှိနှိုင်းရေးတွင် ပါဝင်ရန် အဆင်သင့်ဖြစ်နေသည့် မည်သည့်အရိပ်အယောင်မျှ မပြသသေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here